ပတ်ဝန်းကျင်ကိုသာ ဂရုတွေစိုက်နေခဲ့ရင် သူဆိုတာ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ သာထက်ဉာဏ်ဇော်
celegabar.com
|
2020-05-06



MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ သူငယ်ချင်း (၉) ယောက် သို့မဟုတ် 9 ဆို တဲ့ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာခဲ့သူကတော့ MRTV-4 မင်းသားလေး သာထက်ဉာဏ်ဇော်ပဲဖြစ်ပါတယ် ။ ချစ်ရပါသော နွေ နဲ့ ကျွန်တော်အမုန်းဆုံး ကျွန်တော် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။ လတ်တလောမှာတော့ သူ့ရဲ့ပေါက်ကွဲနေတဲ့ခံစားချက်အချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူးဆိုတာပိုပြီး အထာကျသလို ပတ်ဝန်းကျင်ကိုသာ ဂရုတွေစိုက်နေခဲ့ရင်သာထက်ဉာဏ်ဇော် ဆိုတဲ့ ဘဲတစ်ပွေတောင် ဖြစ်လာမှာမဟုတ်ဘူး လို့ခံစားချက်တွေ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် ။





တချို့လူ တွေရဲ့ ဝိုင်းဖွဲ့ တိုက်ခိုက်မှုတွေကသောက်နေကြ cigarette တစ်လိပ်လောက်တောင် ဖီလင် မလာဘူး လူတစ်ယောက် ကောင်းစားကြီးပွားတာကို မုဒိတာမပွားနိုင်သရွေ့ လူ့ဘဝဇာတ်ခုံကြီးပေါ်မှာ မင်းဟာ ဗီလိန်တစ်ယောက်ပဲ …ပန်းလေးတစ်ပွင့်ကိုတောင် မခံစားတတ်ပဲနဲ့ မိန်းမလှလေးတစ်ယောက်ကို မပိုင်ဆိုင်ချင်စမ်းပါနဲ့ကွာ …သိပ်ကောင်းတာ လိုချင်တယ်ပေါ့ကိုယ်တိုင်ရော Quality မှီရဲ့လားဗျ …ဘဝကို ရုန်းကန်ရတဲ့ ဖီလင်နဲ့ရိုးသား ကြိုးစားရတဲ့ နက်နဲမှုတွေရဲ့ အရသာကိုခံတွင်းတွေ့သွားသောအခါ …ဓါးနဲ့ ထထိုးတာ သတ္တိမဟုတ်မှန်းနှစ်အတော်ကြာမှ သိခွင့်ရခဲ့တယ် …တစ်သက်လုံးကောင်းခဲ့တဲ့သူ တစ်ကြိမ်လေးဒေါသထွက်တာကို
လူတွေက ပြစ်တင်ပီး မရင့်ကျက်ဘူးပြောလိမ့်မယ် သိပ်မှန်တယ် ရင့်ကျက်တယ်ဆိုတာ အဲ့ဒီ ဖြစ်မယ့် ဒေါသတစ်ကြိမ်ကိုသူထိန်းနိုင်မှာ သေချာတယ် …မချစ်တတ်လို့ ပြဿနာတွေ ဖြစ်နေကြတာကို အချစ်ကြောင့် ပြဿနာတွေ ဖြစ်ရတယ်ဆိုပီးခေါင်းစဉ် မတပ်စေချင်ဘူး ။






အဆိုးဆုံးကို လက်ခံနိုင်မှ အကောင်းဆုံးဆိုတာတွေကို လက်ခံနိုင်လိမ့်မယ် … လူ့ဘဝမှာ သုံးခါ တိတိ ရုပ်ရှင်ပိတ်ကားထဲကအတိုင်းအတည်အလင်း ဖြစ်တယ် …ရိုင်းတယ် နားမလည်ဘူး မသိဘူးတဲ့ငွေဖြုန်းနေတာတဲ့ အာ့လိုအပြစ်တွေ မတင်ပဲအေးအေးဆေးဆေး နားလည်သွားအောင် ကလေးတစ်ယောက်ကို ရှင်းပြပြောပြခဲ့ကြမယ်ဆိုရင်ယခုကျေးဇူးရှင်စာရင်းထဲ ခင်ဗျားတို့ ပါနေလောက်ပီ …Cigarette ကို ကြိုက်တယ် ရှိုက်တိုင်းခံစားချက်တွေမြိုသိပ်သွားသလို အငွေ့တွေပြန်ထုတ်လိုက်တိုင်း မပြောဖစ်လိုက်တဲ့ ခံစားချက်တွေ ပါသွားတယ် …နှလုံးသားတွေကို ကျန်းမာအောင်ချစ်ခြင်းမေတ္တာတရားတွေ ဖြန့်ဝေပီးစာပေတွေနဲ့ အားဖြည့်တယ် အောင်မြင်မှုရဲ့ အရသာက မခါးသလိုချိုမြိန်နေတာလည်းမဟုတ်ပါဘူးစိတ်ထားဖြောင့်မတ်တဲ့ လူတစ်ယောက်ကိုသဘာဝတရားက ချီးမြှင့်တဲ့ ဆုလဒ်တစ်ခုပါ ဆိုပြီး ခံစားချက်စာရှည်ကြီးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။





Source : Thar Htet Nyan Zaw
Emily (Cele Gabar)




Some text some message..