(၃)နှစ်သမီးအရွယ်ကပုံလေးနဲ့ အခုလက်ရှိပုံကိုယှဉ်ပြပြီး သူမရဲ့ငယ်ဘဝပုံရိပ်လေးကိုအလင်းပြလိုက်တဲ့ ခိုင်သင်းကြည်
myanmarload.com
|
2020-05-01



ပြည်သူ့အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ကတော့ စကားပြောပွင့်လင်းချိုသာပြီး ဟန်ဆောင်မှုကင်းကင်းနဲ့ နေထိုင်တတ်သူလေးပါ။ သူမရဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ၊ စကားပြောဟန်လေးတွေကြောင့် ခိုင်သင်းကြည်က အခုချိန်အထိ လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။ ခိုင်သင်းကြည်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးပြီး အကယ်ဒမီဆုတွေလည်း သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။






လက်ရှိမှာတော့ ခိုင်သင်းကြည်က ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ကလေးတစ်ယောက်အမေဖြစ်တဲ့ ခိုင်သင်းကြည်က အခုချိန်အထိ ဆယ်ကျော်သက်လေးလိုငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပါတယ် ။ အခုလည်း မခိုင်လေးက ပရိသတ်တွေအတွက် (၃)နှစ်သမီးအရွယ်က ချစ်စရာပုံရိပ်လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။






မခိုင်လေးက "ကဲ ၃ နှစ်သမီးတုန်းကပုံလေးနဲ့ အလင်းပြလိုက်ပြီ ငယ်ငယ်တည်းက ချောတယ်ဆိုတာယုံပြီမလား " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ မခိုင်လေးက ငယ်ငယ်ကပုံရိပ်လေးနဲ့ ယခုလက်ရှိပုံရိပ်လေးကိုယှဉ်ပြထားတာကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။







Some text some message..