တစ်သက်နဲ့တစ်ကိုယ် ခိုင်သင်းကြည်တို့ မင်္ဂလာပွဲလောက် စည်ကားတဲ့ပွဲမျိုး မကြုံဖူးသေးဘူးလို့ ဆိုလာတဲ့ ညီညီမောင်စမ်းချောင်း
celegabar.com
|
2020-05-07



မခိုင်လေးတစ်ယောက် မကြာသေးမီကမှ ဟိုးအရင်က ရိုက်ခဲ့တဲ့ ကြော်ငြာပုံလေးတွေနဲ့စာရေးပြီးတင်ခဲ့တာဖြစ်ပြီး သုသု (မိတ်ကပ်ညီညီမောင်)က မခိုင်လေး တို့မင်္ဂလာဆောင်တုန်းကအကြောင်းလေးရေးဦးမယ်ဆိုပြီး လာမန့်လို့ရေးလေလို့ပြောလိုက်တာ တကယ်ရေးပြီး fbမှာတင်လိုက်လို့သုသုရဲ့စာသားတွေကိုကော်ပီယူပြီးမခိုင်လေး သူမတို့မင်္ဂလာဆောင်တုန်းကပုံလေးတွေနဲ့တွဲပြီး ပရိသတ်တွေကို ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။







သုသုတစ်ယောက် မခိုင်လေး လို့ ချစ်စနိုးခေါ်ကျတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကို စမြင်ဖူးတွေ ဖူးတာကတော့ မြရိပ်ညို Hi Hi ကွန်ရို့ ကြော်ငြာရိုက်ကွင်းမှာ သင်တန်းအကူဘဝနဲ့လိုက်သွားရင်း ဆုံခဲ့ရတာဖြစ်ပြီး ဇွန်ဆီ ရာမစု စတဲ့ ကြော်ငြာပေါင်းများစွာ ကြည့်ပြီး ချစ်ခဲ့ရတဲ့ မခိုင်လေးရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့တာပါ ။ မခိုင်လေး အဖေ က စစ်တပ်ကဆိုတော့ စည်းကမ်းလည်းတအားကြီးတယ်လို့ သတင်းကြားဖူးသလို မခိုင်လေးရဲ့ အမေ အန်တီဝါကလဲရှုတင်ဆို အမြဲပါစည်းကမ်း တကျ လိုက်ပေးတဲ့ အမေဖြစ်လို့ ရှုတင် လိုက်တဲ့ အခါတိုင်း လည်း ရည်းစားနဲ့ ဖုန်းပြောတာ လဲမတွေ့ဘူးတဲ့ အနေ အထိုင်သိုသိပ် စည်းကမ်းရှိလွန်း သောမင်းသမီးလေးပါလို့ သုသုက မခိုင်လေးရဲ့ အကြောင်းတွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။







တနေ့ မခိုင်လေး လတ်မှတ်ထိုး ပွဲပြင်ရမယ်ဆိုတဲ့ သတင်း ကြားလို့ မခိုင်လေး အမျိုးသား ကဘယ်လိုလဲ တခါမှလဲရည်းစားရှိတယ်မကြား ဘူးပဲ လတ်မှတ်ထိုးတော့မယ် နာမည်ကြီးကြော်ငြာရုပ်ရှင်သရုပ်ဆောင်ပွဲဆိုတော့ ကိုယ့်ဆရာကရော ဘယ်လိုပြင်မှာလဲပေါ့လေ မာမီအောင် က လိုက်ခွင့်ပေးတော့ပျော်ပြီလေ လတ်မှတ်ထိုးပွဲ က ယုဇန ဂါးဒင်းမှာ အဲ့နေ့ က မာမီအောင်ရဲ့ မိတ်ကပ်အပြင်ဆင် ဆံထုံးကတော့ ခိုမြီးကော့လေးထုံး သစ်ခွ အစစ်လေးပန် မခိုင်လေးနဲ့ လိုက်ဖက်လွန်း လှပါတယ် စပ်စု မသု ကလည်းသတို့သား မြင်ချင်လှပြီ ရောက်လာပါပြီ သတို့သားကြီး ချောလိုက်တာ စိုးသူနဲ့ပဲတူသလိုလို သေချာကြည့်တော့လည်းမတူပါဘူး ခန့်ညား ပြီးချောလိုက်တာ သတို့သမီး မင်းသမီးလဲ စိတ်မဝင်စားတော့ဘူး သတို့သားပဲ လိုက်ငေးနေမိတော့ပါတယ် လို့ မခိုင်လေးရဲ့ မင်္ဂလာပွဲအမှတ်တရတွေကို သုသုတစ်ယောက် ပြန်လည်ပြောပြလာခဲ့တာပါ ။







ဝက်ဝက်ကွဲစည်ကားခဲ့တဲ့ မင်္ဂလာပွဲလေးဖြစ်ပြီး အနုပညာ နယ်ပယ် စစ်ဘက် စီးပွားရေး နယ်ပယ်စုံ က အသိမိတ်ဆွေ များလွန်း လှလို့ Sedona အောက်ထပ်ခန်းမပြည့် လျှောက်လမ်း အပြည့် ဝိုင်းများ သတို့သား သတို့သမီး ခန်းမထဲဝင်ပြီးလာတဲ့ဧည့်သည်က တရစပ်Sedona အပေါ်ထပ် အခန်းများ လည်းပြည့် မိတ်ကပ်ပြင်တဲ့ အခန်းတွေလဲ ဝိုင်းတွေခင်း သတို့သား သတို့ သမီး ခန်းမပြင်ပြန်ထွက် လို့ လူတွေအပြန်နှုတ်ဆက်နေပြီ ဧည်သည် ကမပြတ်သေး စည်လိုက်တဲ့ပွဲ ခြိမ့်ခြိမ့်သည်ဆိုတာ မခိုင်လေးတို့မင်္ဂလာပွဲပါပဲ တစ်သက်တခါ အဲလောက်စည်တာ ယနေ့ထက်တိုင်မမြင်ဘူးပါ လို့ တိုးမပေါက်အောင်စည်းကားခဲ့တဲ့ မခိုင်လေးတို့ မင်္ဂလာပွဲနေ့ရက်လေးအကြောင်းကို ချစ်ရတဲ့ ပရိသတ်ကြီးလည်း သိအောင် သုသုက ပြန်လည်ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။




Source : Khine Thin Kyi / Nyi Nyi Maung
Emily (Cele Gabar)




Some text some message..