ကြည့်ရှုသူ(၂)သန်းကျော်သွားပြီဖြစ်တဲ့ ရွှေထူးရဲ့ မမဆယ်လီသားတစ်လီ သီချင်း
celegabar.com
|
2020-05-11



မကြာသေးမှီကမှ ထွက်ရှိခဲ့တဲ့ ရွှေထူးရဲ့ မမဆယ်လီသားတစ်လီ သီချင်းကတော့ လက်ရှိမှာ ကြည့်ရှုသူ(၂)သန်းကျော်သွားပြီလည်းဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတခရီးလမ်းကိုစတင်လျှောက်လှမ်းခဲ့စဉ်ကတည်းက လူငယ်ပရိသတ်တွေအကြိုက်တွေ့စေတဲ့ အလွမ်းသီချင်းပေါင်းများစွာကို သီဆိုခဲ့တာဖြစ်ပေမယ့် မမဆယ်လီသားတစ်လီ သီချင်းကတော့ မြင်နေကြပုံစံတွေထဲကကွဲထွက်ကာ ပေါ့ပေါ့ပါးပါး သီချင်းပုံစံအဖြစ် ဖန်တီးထားတာလည်းဖြစ်ပါတယ်။




ရွှေထူးရဲ့ မမဆယ်လီသားတစ်လီသီချင်းကတော့ စတင်ထွက်ရှိချိန်မှာ ပရိသတ်တွေဝေဖန်မှုတွေများစွာရရှိခဲ့ပေမယ့်လည်း ဒီသီချင်းရဲ့ Music Video ကိုလည်း ပေါ့ပေါ့ပါးပါးပုံစံလေးဖြင့်ရိုက်ကူးထားပြီး နားထောင်လိုက်သူတိုင်း စိတ်ခံစားချက်တွေပါ့ပါးသွားစေတာကြောင့် လက်ရှိမှာတော့ ပရိသတ်ကြားရေပန်းစားအကြိုက်တွေ့နေကြတာလည်းဖြစ်ပါတယ်။ ရွှေထူးဟာ မမဆယ်လီသားတစ်လီသီချင်းကြောင့် ကျေနပ်အားရနေပြီး နောက်ထပ်အသစ်တွေ ပရိသတ်တွေကို ချပြဦးမယ့်အကြောင်းကို “ကဲ နောက်ထပ်လုပ်စရာတွေ အသင့်… ဒီအပုဒ်ကတော့ လုပ်ချင်တာတွေလုပ်လိုက်ရတာ ကျေနပ်မှုအပေါင်းသရဖူဆောင်းနေပြီ… ဆဲခံရတာလည်း ထူပူသွားပြီ… ဟီး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ နိုင်င့ကျော်အဆိုတော် ရွှေထူးရဲ့ မမဆယ်လီသားတစ်လီဆိုတဲ့ သီချင်းသစ်ကတော့ ဝေဖန်မှုတွေကြားကနေမှ ကြည့်ရှုသူ(၂)သန်းတောင်ရောက်ရှိသွားပြီနော်။ ပရိသတ်ကြီးရော ရွှေထူးရဲ့ မြင်နေကြပုံစံတွေထဲကကွဲထွက်ကာ ပေါ့ပေါ့ပါးပါး သီချင်းပုံစံအဖြစ် ဖန်တီးထားတဲ့ မမဆယ်လီသားတစ်လီသီချင်းကို နားဆင်ပြီးကြပြီလား။



Source: Shwe Htoo
DarDar-CeleGabar




Some text some message..