ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောပြေတီဦးကတော့ ဒီနေ့ မေလ (၁၂)ရက်နေ့မှာ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်လှူဒါန်းခဲ့ပြန်ပါတယ်။ ဒီအလှူလေးကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းဇာတ်ညွှန်း သာရေးနာရေးရံပုံငွေအတွက် ပရိသတ်တွေရဲ့အချစ်တော်ပြေတီဦးက သိန်း(၁၀၀)တိတိလှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။
ပြေတီဦးတို့ ဇနီးမောင်နှံကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အမေများအဖွဲ့အတွက် သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဇနီးမောင်နှံနှစ်ယောက်စလုံးကလည်း အနုပညာလောကသားတွေပြီပြီး အနုပညာလောကရဲ့ အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေကို ကူညီထောက်ပံ့ပေးတတ်တဲ့ စိတ်ဓာတ်လေးကတော့ မွန်မြတ်လွန်းလှပါပေတယ်။
အခုပြေတီဦးတို့ လှူဒါန်းခဲ့တဲ့ ဇာတ်လမ်းဇာတ်ညွန်းသာရေးနာရေးရံပုံငွေအဖွဲ့ကတော့ အဖွဲ့ဝင်တွေထဲက ဆေးရုံတက်ရတဲ့ သူဆိုရင် (၅)သောင်းကျပ် နာရေးဆိုရင် (၁)သိန်းကျန်ထောက်ပံ့ပေးနေခဲ့တဲ့ အဖွဲဖြစ်ပါတယ်။ လက်ရှိ Covid-19 ကြောင့် အကျပ်အတည်းကာလမှာလည်း ဆန်ဆီ လူအယောက် (၆၀)စာ ထောက်ပံ့ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။
Chilli – CeleGabar
Source – U Aye Kyu Lay