ပရိသတ်အချစ်တော်အနုပညာရှင်တွေကတော့ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြီးဖြစ်နေချိန်မှာ ရင်ထဲကခံစားချက်တွေကို သီချင်းတွေရေးဖွဲ့ကြတာပါ။ အိမ်မှာနေတာဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ကပ်ရောဂါကြီးကိုစိုးရိမ်နေရတာကတော့ လူတိုင်းလိုလိုရဲ့ခံစားချက်ဖြစ်နေပါတယ်။မိစန္ဒီနဲ့ဖြိုးပြည့်စုံတို့ကတော့ Go Away Corona ဆိုတဲ့သီချင်းလေးကို ပရိသတ်တွေဆီအရောက်ပို့ပေးခဲ့ပါပြီ။
ဒီသီချင်းလေးနဲ့ပတ်သက်ပြီးတော့ မိစန္ဒီကတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီသီချင်းဟာ ခါတိုင်းသီချင်းတွေလို မဟုတ်ဘဲ Corona နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေအတွက် အကျိုးရှိစေတဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကို ရပ်ကွက်တွေ၊ ကျန်းမာရေးဌာနတွေ သာမက နေရာတိုင်းမှာ ကြားရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်။ ဒီသီချင်းလေးကို ပရိသတ်တွေ လက်ထဲ အမြန်ဆုံးရောက်ရှိဖို့အတွက် ကြိုးပမ်းခဲ့ရပြီး အချိန်တိုလေးအတွင်းမှာပဲ ဒီသီချင်းလေးကို မြန်မြန်ဆန်ဆန်လေး ပြုလုပ်ခဲ့ရတယ်။ ပြီးတော့ ဒီသီချင်းလေး ထွက်ရှိလာတဲ့အခါမှာလည်း ပရိသတ်တို့လက်ထဲကို ထင်ထားတာထက် မြန်မြန်ဆန်ဆန် ရောက်ရှိ ပျံ့နှံ့သွားတဲ့အတွက် ပိုပြီးတော့ ဝမ်းသာပါတယ်။ “လို့ ဆိုထားပါတယ်။
အခုဆိုရင် ဒီသီချင်းလေးကို ပရိသတ်တွေအကြိုက်တွေ့ခဲ့တာကြောင့် JOOX မှာ နံပါတ်တစ်ချိတ်သွားခဲ့ပါပြီ။ အဲ့ဒီအကြောင်းကို မိစန္ဒီ နဲ့ ကိုဖြိုးပြည့်စုံတို့အတူ သီဆိုထားတဲ့ “Go Away Corona” သီချင်းလေး JOOX မှာ No.1 ရခဲ့တဲ့အတွက် အရမ်းကို ပျော်ပါတယ်။ လို့လည်းရေးသားထားပါတယ်။ Congradulations ပါ မိစန္ဒီနဲ့ဖြိုးပြည့်စုံရေ..
Source : MiSandi