ဇာတ်ပို့ဇာတ်ရံလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ ဦးဝင်းမြိုင်ကတော့ ဇာတ်ကားတိုင်းမှာ မပါမပြီးဆိုသလို ဇာတ်ရုပ်တော်တော်များများနဲ့ လိုက်ဖက်သူတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်လည်း အခုချိန်ထိ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ရပ်တည်နေနိုင်သူတစ်ယောက် ဖြစ်ပါတယ်။
သူကတော့ ဒီနေ့မှာ အရင်တုန်းကဓာတ်ပုံတချို့ကို ပြန်တင်ရင်း သူ့ခေါင်းထဲက အတွေးလေးတစ်ခုကို အရွှန်းဖောက်မျှဝေခဲ့ပါတယ်။ ထွန်းကိုကို၊မိုးစက်ဝိုင်တို့နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံလေးနဲ့အတူ ” 5′ 8.5″ ဒီအရပ်ဟာ မြန်မာလူမျိုးထဲမှာ တော်တော် ထည် တဲ့အရပ်ပါ… ဒါပေမယ့် ထွန်းကိုကို နဲ့ မိုးစက်ဝိုင် တို့ ၂ယောက်ကြား သွားရပ်မိတာကိုက ကိုယ့်အမှား တော်တော်သိမ်ငယ်သွားတယ်… covid – 19 stay @ home ကာလမှာဆံပင်တွေတော့ တော်တော်ရှည်နေပြီ အရပ်ပါရှည်လာရင် သိပ်ကောင်းမှာ” ဆိုပြီး အရွှန်းဖောက်ကာ မျှဝေခဲ့ပါတယ်။
မိုးစက်ဝိုင်နဲ့ ထွန်းကိုကိုတို့ကတော့ မြန်မာနိုင်ငံသားတွေထဲမှာ ရှားပါးတဲ့အရပ်ကို ပိုင်ဆိုင်ထားတာကြောင့် သူ့လို (၅) ပေ (၈) လက်မခွဲရှိတဲ့သူတောင် သူတို့နှစ်ယောက်ကြားထဲ ရောက်တာ သိမ်ငယ်သွားပါတယ်တဲ့ ပရိသတ်ကြီးရေ.. ဦးဝင်းမြိုင်ပြောသလို Stay Home ကာလမှာ ဆံပင်တွေမညှပ်ဖြစ်ဘဲ ရှည်လာသလို အရပ်ပါရှည်လာရင် ဘယ်လောက်ကောင်းမလဲနော်။
Source – Win Myaing
Rainbow- Cele Gabar