ကျက်သရေရှိပြီးလှပတဲ့ ထိုင်းမင်းသမီး Bella Raneeလေးရဲ့အကြောင်း
mystylemyanmar.com
|
2020-05-18

ဒီနေ့ MyStyle Myanmar ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ လက်ရှိမှာ ထိုင်းနိုင်ငံမှာရော မြန်မာပရိသတ်တွေ ကြားမှာပါ ရေပန်းစားနေတဲ့ ထိုင်း မင်းသမီးချောလေး Bella Ranee အကြောင်းပဲဖြစ်ပါတယ်နော်။ ထိုင်းဒရာမာကြိုက်နှစ်သက်သူတွေတော့ သိပြီးသားဖြစ်မှာပါနော်။ သစ္စာရှင်ဇနီးသည် (Faithful and Bel oved Wife) ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲက သူမကို ပိုပြီး လူသိများစေခဲ့ပါတယ်။ ပုရိသတွေရော၊မိန်းကလေးချင်းတောင် ကြွေရလောက်တဲ့ ချောမောပြီး ကျက်သရေရှိလှတဲ့ မင်းသမီးတစ်ဉီးလည်းဖြစ်ပါတယ်။




နာမည်ရင်းကတော့ Ranee Campen ဖြစ်ပြီး၊(၁၉၈၉)ခုနှစ် ဒီဇင်ဘာ(၂၄) ရက်နေ့က ဘန်ကောက်မှာ မွေးဖွားခဲ့ပါတယ်။ Bellaရဲ့ အဖေဟာဗြိတိန်ဖြစ်ပြီး အမေကတော့ ထိုင်းဖြစ်တဲ့အတွက် သူမက ထိုင်းဗြိတိန် ကပြားမင်းသမီးချောလေးတစ်ဉီးလည်း ဖြစ်ပါတယ်။ မွေးချင်းမောင်နှမတွေမရှိပဲ တစ်ဦးတည်းသောသမီးလေးပါနော်။






Bellaရဲ့ ပညာအရည်အချင်းကတော့ Thammasat တက္ကသိုလ်မှာ Journalism and Mass Communication နဲ့ဘွဲ့ရခဲ့တာပါ။ အဲ့ဒီတက္ကသိုလ်ကနေပဲ မာစတာဘွဲ့ကို (၂၀၁၆)နိုဝင်ဘာက ရခဲ့ပါတယ်။







ကြော်ငြာတွေမှာ မော်ဒယ်အဖြစ် ပါဝင်ခဲ့ရာကနေစပြီး အနုပညာနယ်ပယ်ထဲကို ဝင်လာခဲ့တာပဲဖြစ်ပါ။ ကြော်ငြာ(၁၀)ခုမှာ ပါဝင်ခဲ့ပြီးနောက် Channel (3)နဲ့ စာချုပ် ချုပ်ခဲ့ပါတယ်။ (၂၀၁၁)တည်းက Channel(3)ရဲ့ မင်းသမီးဖြစ်လာခဲ့တာပါ။ Porn Prom Onlaweng(2013) ကတော့ သူမရဲ့ပထမဆုံး ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။









သူမရဲ့ အခင်ဆုံးသူငယ်ချင်းကတော့ မင်းသမီး Mo Monchanok ့ဖြစ်ပါတယ်။သူမအကြိုက်ဆုံး မင်းသမီးကတော့ Anne Thongp rasom ပါ။အကြိုက်ဆုံးအရောင်ကတော့ အပြာရောင်ပါ။ ရုပ်ရှင်ကြည့်တာ၊ဦးထုပ်တွေ စုရတာ၊စာဖတ်ရတာကိုလည်း ဝါသနာပါသူတစ်ဉီးဖြစ်ပါတယ်။

Reference; Wiki


The post

ကျက်သရေရှိပြီးလှပတဲ့ ထိုင်းမင်းသမီး Bella Raneeလေးရဲ့အကြောင်း appeared first on

MyStyle Myanmar .




Some text some message..