ပရိသတ်အချစ်တော် ညီညီမောင် စမ်းချောင်းကတော့ ဆရာ ဆိုတာလည်း အနန္တဂိုဏ်းဝင်ကျေးဇူးရှင် သက်ရှိ ဘုရား ဖြစ်လို့ သက်ရှိဘုရား ဆရာ တွေ သက်ရှိထင်ရှားရှိသေးရင် ပြုစုပါကျွေးမွေးပါ ကျေးဇူးဆပ်ကြပါလို့ ပြောချင်တဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ကျွန်မ တို့မှာ ခုချိန်ကျေးဇူးဆပ် ချင်လဲကျွေးမွေးလဲ စားရမစားရမသိပါလှူတဲ့ ရည်းစူး အလှူ ရလားမရလားမသိပါဘူးလို့လည်း ဝမ်းနည်းဖွယ်ပြောပြလာခဲ့ပါတယ် ။
တစ်ချိန်ကနာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်အောင်အောင် တစ်ယောက် အဆုတ်ထဲ ရေဝင်တဲ့ရောဂါနဲ့လူ့လောကကြီးကနေ ထွက်သွားတာကြာခဲ့ပါပြီ။ သုသုရဲ့ ဆရာအရင်းဖြစ်ပြီ မာမီအောင်လို့ချစ်စနိုးခေါ်ရတဲ့ မိတ်ကပ်အောင်အောင်ဆုံးတော့ ရာက်လာကျတဲ့ သူတွေက ဖြူဖြူကျော်သိန်း သက်မွန် ရောက်လာကျပြီး စိတ်မကောင်းဖြစ်ကျ သက်မွန်ဆို အမေ ရယ်လိုတတ ငိုတာ ရင်ထဲကိုမချိပါဘူး တပည့်တွေလဲ ငိုကြတာပေါ့နော် အဲ့ချိန် ဆိုင်မှာ ပစ္စည်းအချို ယူသွားတဲ့ သူတွေလည်းရှိခဲ့ပါတယ် တပည့် အရင်းတွေ ကတော့ ကြံြ့ကံ့ခံ ကျန်ခဲ့တဲ့ ငွေသား လက်ဝတ်ရတနာ အိမ်စာချုပ်တွေက စ မာမီ မိတ်ကပ်အောင်အောင် အမေ ကို ရက်လည်နေ့မှာ အပ်လိုက်ပါတယ် သစ္စာရှိခြင်းရိုသေခြင်းချစ်ခင်ခြင်းတရားတွေ တပည့်တွေ အမေ ပိုင်ဆိုင်ခဲ့ပါတယ် လို့ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။
နာရေး ကို ၃ရက်ထားပြီး အသုဘ ချပါတယ် တစ်ဦးကျေးဇူးတစ်ဦးမှာဆိုသလိုချစ်ခင်ကျတဲ့ အနုပညာရှင်များစွာလိုက်ပါပို့ဆောင်ခဲ့ကြပြီး တပည့်သားသမီး မိတ်ဆွေ များ နဲ့ ခန်းမ တခုလုံးပြည့်လျှံနေသလို ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှူ အသင်းနဲ့ အသုဘ ချခဲ့တာပဲဖြစ်ပါတယ် ။ လူတကာကူညီတတ်တဲ့ မာမီအောင် အသုဘ မှာစည်ကား လှပြီး တပည့်သားသမီးများမှာ ရုပ်ကလပ်ကြည့်ဖို့မနည်းတိုး ရပါတယ် အမေ ရုပ်ကလပ်ကလည်း ရေခဲတိုက်က ချတဲ့ အချိန်ထိ ပြုံးပြီး အိပ်နေသလိုလေးပါပဲ သေပန်းပွင့်တယ်ပြောရမလား လူချစ်လူခင်ပေါတဲ့ အမေ ကြောင့်မစည်ကားသင့်တဲ့နေရာ စည်ကား ခဲ့ပါတယ် အမေ ဆုံးတာ ၁၀စုနှစ်တစု ပြည့်တော့မယ်ဆိုပေမဲ့ နှစ်ပြည်တိုင်း သံဃာ ၅ပါးဆွမ်းကပ် အလှူလုပ်ပါတယ် လတိုင်း အမေဆုံးတဲ့ ၂ရက်နေ့ဆို ဆွမ်းချိုင်ပို့ပါတယ် ယခုချိန်ထိတိုင်ပါပဲ အမေရောက်ရာဘုံဘဝကသာဓုခေါ်ဆိုနိုင်ပါစေနော် ဆိုတဲ့စာသားလေးနဲ့အတူ ကျေးဇူးရှင် မာမီအောင်ကိုအောက်မေ့တမ်းတပြီး သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အမှတ်တရအကြောင်းရာလေးတွေ မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။
Source : Nyi Nyi Maung
Emily (Cele Gabar)