ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအတွက် အခင်းကောဇောအလှူမှာပါဝင်ခဲ့တဲ့ ခန့်စည်သူ
celegabar.com
|
2020-05-20



ကိုခန့်လို့ပရိသတ်တွေချစ်နိုးခေါ်ရတဲ့ မင်းသားချောခန့်စည်သူကတော့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်တတ်တဲ့ သဒ္ဒါတရားထက်သန်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။






ဒီနေ့မေလ (၂၀) ရက်နေ့ (၂၀-၅-၂၀၂၀) မှာတော့ ပရိသတ်အချစ်တော် အကယ်ဒမီခန့်စည်သူ တစ်ယောက် အမှတ်(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(နေပြည်တော်)ရဲ့ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ဘုရားခန်းမှာ အခင်းကော်ဇောအလှူအဖြစ်ကုသိုလ်ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ နိဗ္ဗာန် အကျိုးတော်ဆောင် ဒုတိယရဲမှူးကြီး မျိုးဇော်ဇော်အောင် နှင့်ပါရမီဖြည့်ဖက် မဂျူလိုင်ထွန်းကြည် တို့ကို ကျေးဇူးအထူးပဲတင်ပါတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားတာ ဖြစ်ပါတယ် ။





မကြာခင်မှာ မိသားစုတွေ၊ရဲမေတွေဝတ်ရွတ်ဖို့အတွက် ပဋ္ဌာနပါဠိ(၅)အုပ်တွဲနှင့် ဘုရားစာအုပ်များလည်းပေးပို့လှူဒါန်းဦးမှာဖြစ်ပါတယ် ။ ကိုခန့်ရဲ့မွန်မြတ်တဲ့ အလှူလေးကို (၇)-ရက်သား၊သမီးများအားလုံး သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Kyaw Soe Win
Emily (Cele Gabar)




Some text some message..