လွန်ခဲ့တဲ့(၄)နှစ်ကအမှတ်တရတစ်ခုကို မျှဝေလာတဲ့ မင်းသားချောအလင်းရောင်
celegabar.com
|
2020-05-21



မင်းသားချောအလင်းရောင်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ သိကြမှာပါ။ အလင်းရောင်ဟာ သရုပ်ဆောင်ကောင်းသလို ဂီတပိုင်းကိုလည်း စိတ်ဝင်စားသူဖြစ်ပြီး Oh! My Crush ဆိုတဲ့ အယ်လ်ဘမ်ကို (၂၀၁၆) ခုနှစ်မှာထွက်ရှိထားတာပါ။





ဒီအခွေလေးကတော့ ထွက်ရှိပြီးတာ အခုဆိုရင် (၄) နှစ်ရှိခဲ့ပါပြီ။ အခွေထွက်ရှိစဉ်ကလည်း အမှတ်တရများစွာရှိတာကြောင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “ဘာလိုလိုနဲ့ ” Oh! My Crush ” Music Album လေး ထွက်ခဲ့တာ ဒီနေ့ဆို ( 4 ) နှစ်တောင် ပြည့်သွားခဲ့ပြီ…..အမှတ်တရများစွာထဲက တစ်ခုပါပဲ “ဆိုပြီးတော့ အမှတ်တရပုံရိပ်များစွာကို မျှဝေထားတာပါ။





အလင်းရောင်ကတော့ အကယ်ဒမီဆုပေးပွဲမှာ ဆန်ခါတင်စာရင်းအထိဝင်ရောက်ထားပြီး အနုပညာအရမ်းအချင်းပြည့်ဝသူရယ်လို့လည်း သတ်မှတ်ထားကြတာပါ။ သီချင်းခွေထဲကသီချင်းတွေနဲ့အတူ အလင်းရောင်ရဲ့အနုပညာခြေလှမ်းအသစ်တွေကိုလည်း စောင့်မျှော်နေကြတယ်မဟုတ်လား ပရိသတ်ကြီးရေ…
Source : ALINNYAUNG




Some text some message..