ဒီနေ့ကျရောက်တဲ့မွေးနေ့မှာ သိန်းရာချီတန်တဲ့ နာရီတစ်လုံး လက်ဆောင်ရလိုက်တဲ့ ထူးအောင်
celegabar.com
|
2020-05-22



ဒီနေ့မေလ (၂၂)ရက်နေ့လေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်ထူးအောင်ရဲ့ (၂၇) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ထူးအောင်ကတော့ ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာ သိန်း(၁၇၀)တန် နာရီတစ်လုံးနဲ့ အခြားသောလက်ဆောင်တွေ လက်ခံရရှိခဲ့ကြောင်း မျှဝေခဲ့ပါတယ်။





ဒီနေ့မွေးနေ့လေးမှာတော့ အမည်မသိပရိသတ်တစ်ဦးဆီကနေ လက်နဲ့ဆွဲထားတဲ့ပန်းချီကားတစ်ချပ်၊ (၂) နှစ်ခံတဲ့ ပန်းစည်း၊ မွေးနေ့ကိတ်အပြင် သိန်း(၁၇၀)တန် နာရီတစ်လုံး၊ ချစ်ရတဲ့ညီလေးဆီက Apple Watch Series 5 ရရှိခဲ့ပါတယ်တဲ့။ အခုလိုအချိန်မျိုးမှာ သတိတရနဲ့ လက်ဆောင်တွေပေးခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။





ထပ်ပြီးတော့ သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် ကျော်သူနာရေးကူညီမှုအသင်းမှာ ငွေကျပ်(၁၀)သိန်း၊ လူ(၁၅၀)စာ ထမင်း၊ဟင်း အာဟာရဒါနအလှူနဲ့ အမာခံပရိသတ်တွေက လှူဒါန်းငွေ နှစ်သိန်းရှစ်သောင်းတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပြီး ပရဟိတအလှူအနေနဲ့ dead body သယ်ဆောင်ခြင်း၊ နာရေးကားမောင်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့ကျရောက်တဲ့ ထူးအောင်ရဲ့မွေးနေ့လေးကတော့ ချစ်ရသူတွေရဲ့လက်ဆောင်တွေနဲ့အတူ တန်ဖိုးရှိတဲ့အလှူဒါနတွေပြုလုပ်ရင်း ကုန်ဆုံးခဲ့တာမို့ ထူးအောင်ကတော့ တန်ဖိုးရှိသော ကျွန်တော်မွေးနေ့ဆိုပြီး ပရိသတ်တွေပါပျော်ရအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။



Source – Htoo Aung
Rainbow- Cele Gabar





Some text some message..