တေးရေး၊တေးဆို၊ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေသူယုန်လေးကတော့ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ မျိုးဆက်သစ်လူငယ်တွေကို လက်တွဲခေါ်ယူလေ့ရှိသူပါ။ ငွေကြေးမတတ်နိုင်ပေမယ့် အရည်အချင်းရှိတဲ့ ဝါသနာရှင်တွေကို ညီအစ်ကိုအရင်းလိုသဘောထားပြီး ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။
သူနောက်ဆုံးကူညီထားသူကတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း Free Style Rap တွေ ရွတ်နေသူ A4 ကျော်စွာပဲဖြစ်ပါတယ်။ သူကတော့ မိဘမဲ့တစ်ယောက်အနေနဲ့ ဘဝကိုဆိုးဆိုးပေပေ ဖြတ်သန်းလာခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ ကောင်းတာလေးတွေလုပ်ပြီး ဘဝကို ရှေ့ဆက်ချင်နေသူပါ။ ဂီတကိုလည်း ဝါသနာပါတာကြောင့် အလုပ်လုပ်ရင်း free Style Rap တွေနဲ့ ရှင်သန်နေသူ ဖြစ်ပါတယ်။ ယုန်လေးကတော့ သူ့ကို လမ်းကြောင်းပေါ်ရောက်လာအောင် လက်တွဲခေါ်ယူခဲ့ပြီး မကြာသေးခင်ကမှ သီချင်းတစ်ပုဒ်အတူတူ လုပ်ခဲ့ပါသေးတယ်။
ယုန်လေး ၊A4 ကျော်စွာ၊ မင်းဇက်တို့ သီဆိုထားတဲ့ ဝမ်းစာ သီချင်းလေးဟာဆိုရင်တော့ ကြည့်ရှုအားပေးသူ ငါးသန်းကျော်ခဲ့တဲ့အထိအောင်မြင်ခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ယုန်လေးကတော့ ဒီနေ့မှာ သူ့ပုံလေး တက်တူးထိုးခဲ့တဲ့ ကျော်စွာနဲ့ ပတ်သက်ပြီး “ညီလေး A4 ကျော်စွာ လေး ဒီနေ့ ကျွန်တော်ပုံ Tattoo သွားထိုးတာတဲ့ . တကယ် ညီအစ်ကိုလို စိတ်ထားရကျိုးနပ်ပါတယ်… ဒီထက် ကြိုးစားပြီး အရာရာအဆင်ပြေပါစေ ညီလေးရေ” ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..
Source – Yone Lay
Rainbow- Cele Gabar