နန်းစုရတီစိုးကတော့ အသက်နဲ့မလိုက်အောင်လှရက်လွန်းတဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။ ဖက်ရှင်ကျကျဝတ်စားတတ်သလို နုပျိုနေတဲ့အလှတရားတွေကြောင့်လည်း ပြောစမှတ်တွင်ရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ်ပုံတွေကို ပရိသတ်ကိုမျှဝေလိုက်ပါတယ်။ ဒါ့အပြင် “အေးစက်တဲ့လေပြေတွေတိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ…
လှပတဲ့ပန်းလေးတွေ ထပ်ပွင့်လာမှာပါ…
ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေဖူးပွင့်လာမှာပါ”ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။
နန်းစုကတော့ အဆိုတော်G Fatt နဲ့စုံတွဲတွေအဖြစ် လူသိရှင်ကြားဆက်ဆံရေးကနေ တစ်ခန်းရပ်သွားတာလည်း မကြာသေးပါဘူး။နန်းစုရဲ့ကဗျာဆန်ဆန်စာသားတွေကတော့ ပရိသတ်တွေကို သို့လောသို့လောထင်စေတာလည်း ဖြစ်ပါတယ်။ အရမ်းလှနေတဲ့အပျိုကြီးမမနန်းစုတစ်ယောက် နှလုံးသားတွေနွေးထွေးပြီး ပန်းတွေပွင့်စေဖို့ အကြောင်းတွေများရှိနေပြီလားနော်….
Source : NansuYatiSoe