ခင်ပိုးပန်းချီကတော့ သူမတူအောင်ချိုသာလှတဲ့ အသံပိုင်ဆိုင်ထားတာကြောင့် အသံမှော်ကဝေမလေးလို့တောင် တင်စားခေါ်ဝေါ်နေရလောက်တဲ့ သူတစ်ယောက်ပါ။ ဓမ္မတေးတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ ရင်ကိုအေးစေပြီး ပရိသတ်အချစ်တွေကို ရရှိထားတဲ့ မျိုးဆက်သစ် အနုပညာရှင်တစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး။
အသံလေးကလည်း ကောင်းသလို စိတ်ထားလေးလည်း မွန်မြတ်လှတဲ့ ခင်ပိုးပန်းချီက ဒီနေ့ မေလ (၂၇)ရက်နေ့မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုအလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ခင်ပိုးပန်းချီကတော့ ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ အလှူငွေ (၃)သိန်းတိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အခုလိုလာရောက်လှူဒါန်းပေးတဲ့ အကြောင်းကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အသင်းဝင်တစ်ယောက်ဖြစ်တဲ့ ဇွဲလရောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ခင်ပိုးပန်းချီရဲ့ အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင် CeleGabar က တဆင့်ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။
Chilli – CeleGabar
Source – Zwe Layaung Zwe Layaung