အမေစုရဲ့ (၇၅)နှစ်ပြည့်မွေးနေ့အတွက် လူ(၇၅၀၀)ရဲ့ဓာတ်ပုံတွေနဲ့ မွေးနေ့ဆုတောင်းပေးသွားမယ့် မောင်မောင်အေး
celegabar.com
|
2020-06-03



မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်အချင်းချင်းပါ လေးစားကြည်ညိုခြင်းခံရတဲ့ အမေစုကတော့ လာမယ့်ဇွန်လ(၁၉) ရက်နေ့မှာ အသက်(၇၅)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အားလုံးက ချစ်ခင်လေးစားကြတဲ့သူတစ်ယောက်မို့ လွန်ခဲ့တဲ့နှစ်က အသက်(၇၄) နှစ်ပြည့်မွေးနေ့မှာတော့ မဟာဗန္ဓုလပန်းခြံမှာ လူအယောက်(၇၄၀)နဲ့ အမေစုရဲ့ ပုံကိုဖော်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။





ဒီနှစ်မှာတော့ Covid-19 ကြောင့် လူစုလူဝေးလည်း လုပ်ခွင့်မရှိတာမို့ မောင်မောင်အေးကတော့ သူစီစဉ်ထားတဲ့အစီအစဉ်လေးတစ်ခုကို မျှဝေခဲ့ပါတယ်။ “အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ်ပြည့်မွေးနေ့ ရောက်ဖို့ ၁၆ ရက်သာလိုပါတော့တယ်…မနှစ်ကတော့ လူစုလူဝေးနဲ့လုပ်ဖို့အခွင့်အရေးရခဲ့တဲ့အတွက် လူ (၇၄၀) နဲ့ အမေစု ပုံဖော်ခဲ့ကြပါတယ်…ဒီတစ်နှစ်မှာတော့ Covid ကြောင့် လူစုခွင့်မရတဲ့အတွက် အမေ့ကိုချစ်သော သူ့သား သမီး (၇၅၀၀) ရဲ့ ဓါတ်ပုံတွေကို စုပြီး အစီစဉ်တခုနဲ့ မွေးနေ့ဆုတောင်းလုပ်ပေးဖို့ စီစဉ်နေပါတယ်” ဆိုပြီး ဒီနှစ်အတွက် အစီအစဉ်လေးကို မျှဝေခဲ့ပါတယ်။




ဒါပေမယ့် လူ(၇၅၀၀) အတွက် အင်အားလိုအပ်တဲ့အပြင် softwareနည်းပညာ၊ဓါတ်ပုံ ဒီဇိုင်နာ၊လူဓါတ်ပုံတွေကို နာမည်တွေနဲ့ စနစ်တကျ အဖွဲ့လိုက် စုစည်းပေးနိုင်မယ့်သူတွေ နဲ့ Team တခုဖွဲ့ဖို့လည်း လိုအပ်တာကြောင့် organize လုပ်ပေးနိုင်သူများ…လုပ်ပေးချင်သူများအနေနဲ့ သူ့ကိုဆက်သွယ်ပေးကြဖို့လည်း တောင်းဆိုခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… အမေစုရဲ့ ဒီနှစ်မွေးနေ့မှာတော့ လူစုပြီး မွေးနေ့ဆုတောင်းပေးလို့ မရတော့ပေမယ့် လူ(၇၅၀၀)ရဲ့ ဓာတ်ပုံတွေနဲ့အတူ ဘယ်လိုဆုတောင်းပေးသွားမလဲဆိုတာ ရင်ခုန်စရာပါပဲနော်။


Source – Mg Mg Aye
Rainbow- Cele Gabar





Some text some message..