Side Boob Tattoo ထိုးထားတဲ့ ကမ္ဘာကျော်ဆယ်လီများ
trend.com.mm
|
2020-06-04

တတ်တူးထိုးတဲ့ သူတိုင်းဟာ သူတို့ရဲ့ အမှတ်တရနေ့တွေ၊ ဘဝရဲ့ အမှတ်တရတိုင်းကို တတ်တူးလေးထိုးထားပြီး အမှတ်ရနေစရာလေးတွေအဖြစ် ဖန်တီးကြပါတယ်။ဒီတစ်ခါမှာတော့ Side Boob Tattoos လို့ခေါ်တဲ့ တတ်တူးလှလှလေးတွေထိုးထားတဲ့ ကမ္ဘာကျော် ဆယ်လီတွေကို ပြောပြလိုက်ပါတယ်။

1. Ariana Grande




Ariana Grande ကတော့ သူမခန္ဓာကိုယ်ရဲ့ ဘယ်လယ်ဂျိုင်း(ချိုင်း) အောက်မှာ တတ်တူးထိုးခဲ့တာပါ။ တတ်တူးလေးကတော့ သူမရဲ့ အဖိုးကခါ်ခဲ့တဲ့ စကားလုံးလေးကို ထိုးထားတာဖြစ်တယ်လို့ပြောပါတယ်။

2. Sarah Hyland




Modern Family ကနေဆင်းသက်လာတဲ့ Haley ကတော့ သူမရဲ့ Boob တတ်တူးလေးကို ‘follow my heartbeat’ ဆိုပြီး ပန်းသေးသေးပါ, ပါအောင် ထိုးခဲ့ပါတယ်။

3. Demi Lovato




Demi Lovato ကတော့ သူမရဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့တွေကို ရောမ စာလုံးနဲ့ တတ်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။

4. Miley Cyrus




Miley မှာ တတ်တူးပေါင်း ၃၀ ကျော်တောင်ရှိပါတယ်။ အဲ့ဒီထဲကမှ side boob tattoo ကတော့ ဘေးနှစ်ဖက်လုံးမှာရှိပါတယ်။ ညာဘက်မှာထိုးထားတဲ့တတ်တူးလေးကတော့ အိပ်မက်လိုက်သူလို့ အဓိပ္ပာယ်ရပြီး ဘယ်ဘက်တတ်တူးလေးကတော့ သူမရဲ့ အချစ်ဆုံးခွေးလေးသေဆုံးခဲ့ရလို့ အမှတ်တရအဖြစ်ထိုးခဲ့တာပဲဖြစ်ပါတယ်။

5. Lily Collins




မော်ဒယ်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Lily Collins ကတော့ Tinkerbell လေးကို သူမရဲ့ Side Boob အဖြစ်တတ်တူးထိုးခဲ့တာပါ။ Tinkerbell တတ်တူးလေးရဲ့ ဘေးမှာတော့ ‘ပျက်စီးလွယ်တဲ့အရာ’ ဆိုပြီး စာတန်းလေးတစ်ခုထပ်ထိုးထားပါတယ်။

6. Cara Delevingne




မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Cara ကတော့ တတ်တူးထိုးတာကို နှစ်သက်ပြီး သူရဲ့ မော်ဒယ်ကာရာနံပါတ် ၁၂ ကို ရောမစာလုံးနဲ့ တတ်တူးထိုးခဲ့တာပါ။

7. Rita Ora




Sexy Lady တစ်ဦးဖြစ်တဲ့ Rita Ora ကတော့ ခန္ဓာကိုယ်ညာဘက်ဘေးမှာ နှင်းဆီပန်းကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပန်းချီလေးကို တတ်တူးထိုးခဲ့တာပါ။သူမရဲ့ တတ်တူးလေးကလည်းအရမ်းကိုလှပါတယ်နော်။

8. Rihanna




နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ Rihanna ကတော့ သူမရဲ့ညာဘက်ခြမ်းမှာ Side Boob တတ်တူးလေးထိုးထားတာပါ။ဘယ်ဘက်မှာတော့ အီဂျစ်အလှဘုရင်မ Nefertiti ရဲ့ပုံလေးကို တတ်တူးအဖြစ်ရေးထိုးထားခဲ့ပါတယ်။

9. Chloe Green




စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ Philip Green ရဲ့ သမီးဖြစ်သူ Chloe Green ကတော့ side boob တတ်တူးလေးကို ‘Love’ ဆိုပြီးထိုးထားပါတယ်။

10. Selena Gomez




ပရိသတ်အချစ်တော် Selena ကတော့ အာရပ် ဘာသာစကားနဲ့ ‘Love yourself’ ဆိုပြီး ရေးထိုးထားခဲ့ပါတယ်။

11. Megan Fox




Megan ကတော့ သူမရဲ့ side boob တတ်တူးလေးအဖြစ် ကဗျာတစ်ပုဒ်ကို တတ်တူးထိုးခဲ့တာပါ။’There once was a little girl who never knew love until a boy broker her Heart’ ဆိုပြီးထိုးခဲ့တာပါ။

12. Lindsay Lohan




Lindsay ကတော့ ညာဘက်ခြမ်းမှာ သူမရဲ့ side boob tattoo လေးကို ထိုးခဲ့တာပါ။ Billy Joel ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘I Go To Extremes’ ထဲက စာသားလေးကို ရေးထိုးခဲ့တာပါ။

Ref;ONEDIO




Some text some message..