ကိုယ့်အဘွားရွယ်တွေကို Crush မိနေလို့ အဆင်မပြေဘူးဆိုတဲ့ ရဲရင့်သော်
celegabar.com
|
2020-06-07



နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Project K အဖွဲ့ဝင်ဖြစ်တဲ့ ရဲရင့်သော် ရုပ်ရည်ချောမောတဲ့အပြင် မြင့်မားတဲ့အရပ်မောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ချောပြီး အကတော်တဲ့ Dancer တစ်ယောက်လည်းဖြစ်တာကြောင့် မိန်းကလေး ပရိသတ်တွေ အရူးအမူးဖြစ်နေကြတာတော့ မဆန်းတော့ပါဘူးနော် ။






ရဲရင့်သော်ကတော့ Laurel ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်မည့် “A (တစ်စုံတစ်ယောက်)” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။ သူ့ရဲ့နေ့စဉ် လှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးနေကြဖြစ်တဲ့ ရဲရင့်သော်ကတော့ လတ်တလောမှာ Chinese Ghost Story လေးလည်း ပြန်ကြည့်ချင်တယ် ကြည့်ပြီးရင်လည်း စိတ်ထဲမှာဘယ်လိုကြီး ကျန်ခဲ့မှန်းမသိလို့ ပြီးရင် ကိုယ့်အဘွားအရွယ် တရုတ်မင်းသမီးတွေပဲ Crush မိနေတာ အဆင်မပြေဘူး ဆိုတဲ့စာသားလေးကို သူ့ရဲ့မိုင်ဒေးမှာရေးသားဖော်ပြထားပါတယ် ။






ညီမလေးအရွယ် ဆယ်ကျော်သက် ပရိသတ်တွေက သည်းသည်းလှုပ်အားပေးနေကြပေမယ့် ကိုကြီးရဲရင့်သော်ရဲ့ အကြိုက်ကတော့ အဘွားအရွယ်တရုတ်မင်းသမီးတွေပါတဲ့နော် ။ ရဲရင့်သော် ရဲ့ Cele Gabar ပရိသတ်ကြီးအတွက် ရဲရင့်သော်ရဲ့ အမိုက်စားပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Ye Yeint Thaw
Emily (Cele Gabar)




Some text some message..