ကမ္ဘာကြီးပေါ်မှာမှီခိုပြီးနေတဲ့လူသားတွေအပြင် တိရစ္ဆာန်လေးတွေလည်းရှိပါတယ်။ တချို့လူတွေကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဂရုတစိုက်ရှိပြီးချစ်တတ်လွန်းတာပါ။ မိမိသားသမီးတွေလို ချစ်တတ်လွန်းပြီးပြုစုစောင့်ရှောက်တဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီအထဲကမှ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်လွန်းတာကြောင့် ပရိသတ်တွေသတိထားမိတဲ့ အမျိုးသမီးအနုပညာရှင်(၃)ဦးကို ဖော်ပြလိုက်ပါတယ်။
(၁) စံရတီမိုးမြင့်
သဲလို့လည်းချစ်စနိုးခေါ်ကြတဲ့ စံရတီမိုးမြင့်ကတော့ ခွေးလေးတွေကိုချစ်တတ်လွန်းသူပါ။ သူ့ရဲ့တစ်နေ့တာမှာ ခွေးလေးတွေကိုဂရုစိုက်တဲ့အချိန်တွေလည်း ပါဝင်နေပါတယ်။ မကြာခဏဆိုသလိုပဲ ခွေးလေးတွေနဲ့ရိုက်ထားတဲ့ပုံလေးတွေကို တင်တတ်သူပါ။
(၂) ပိုင်ဖြိုးသု
သုသုကတော့ ကလေးဆန်ဆန်ချစ်ဖို့ကောင်းသလို ဂါမဏိဆိုတဲ့သူ့ရဲ့ခွေးလေးအကြောင်းကို ပရိသတ်တွေကို ပြောပြလေ့ရှိသူပါ။ သုသုရဲ့ပရိသတ်တွေကတော့ ခွေးလေးတွေကိုချစ်တတ်လွန်းတဲ့ အကြောင်းကိုသိပြီးသားဖြစ်မှာပါ။
(၃) မရေီ
ချစ်စရာကောင်းတဲ့အဆိုတော်မလေးမေရီကတော့ စိတ်ထားလေးလည်းချစ်ဖို့ကောင်းသူပါ။ ခွေးခေးတွေကိုမချစ်ဘူးပြောရင်လည်း စိတ်ဆိုးတတ်တဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။
ပရိသတ်ကြီးရေ နောက်ထပ်ဘယ်အနုပညာရှင်တွေက အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်တယ်ဆိုတာကို သတိထားမိသေးလဲဆိုတာကို မျှဝေပေးခဲ့ပါဦး…
Source : PaingPhyoThu,SanYatiMoeMyint,Mary