အချစ်နဲ့ပတ်သက်တဲ့အတွေးအမြင်အချို့ကို ထုတ်ပြောလာတဲ့ ရာဝန
celegabar.com
|
2020-06-09



Cele Gabar ပရိသတ်ကြီးရေ .. ကြယ်ကလေး သီချင်းနဲ့ ပရိသတ်တွေကြားမှာ တရှိန်ထိုးအောင်မြင်လာခဲ့တဲ့ အနုပညာရှင်ကတော့ တေးသံရှင် ရာဝနပါ ။ လူငယ်ပရိသတ်တွေ တော်တော်များများက သူ့ရဲ့သီချင်းတွေကို ကြိုက်နှစ်သက်ကြသလို ပထမဆုံးတေးစီးရီးပွဲမှာတင် ပရိသတ်တွေတိုးမပေါက်အောင် အားပေးကြမ်းခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ အဆိုကောင်းတဲ့ ရာဝနက အချစ်နဲ့ပတ်သက်တဲ့အတွေးအမြင်အချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။






နေရောင်ခြည်ကိုလိုချင်ရင်တော့ သန်းခေါင်ယံ ကိုကျော်နိုင်ရမယ် ။အောင်မြင်မူကိုလိုချင်ရင်တော့ကျရှုံးမူကိုခံနိုင်ရမယ် ။ အချစ်စစ်ကိုလိုချင်ရင်တော့ လှည့်စားခြင်းကို ရှောင်ကျဉ် ရမယ် ။ယုံကြည်မူကိုလိုချင်ရင်တော့ လိမ်လည်ခြင်းကို စွန့်လွှတ်ရမယ် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့တာဖြစ်ပြီး ခံစားချက်ချင်း ထပ်တူကျနေတဲ့ ပရိသတ်တွေကတော့ မှတ်ချက်ကောင်းလေးတွေနဲ့ ဝန်းရံအားပေးနေကြတာတွေ့ရပါတယ် ။





ပရိသတ်အချို့ကတော့ သူ့ကို တော်ကီတွေ ကြမ်းတယ်ဆိုတဲ့ မှတ်ချက်တွေပေးထားကြပြီး စနောက်ထားကြပါသေးတယ် ။ ရာဝနကိုချစ်ခင်ကြတဲ့ Cele Gabar ပရိသတ်ကြီးရော အချစ်နဲ့ပတ်သက်ပြီး ရာဝနဲ့အတွေးချင်းထပ်တူကျရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ..။


Source : Yarwana
Emily (Cele Gabar)




Some text some message..