Running Man ထဲက ပရိတ်သတ်အချစ်တော် မင်းသမီး Song Ji Hyo ရဲ့ ဖက်ရှင်များ
mystylemyanmar.com
|
2020-06-10
MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ….တောင်ကိုရီးယားနိုင်ငံက နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man ကို အားပေးကြည့်ရှုတဲ့သူတွေ ရှိပါသလားရှင့်…
တအားကြိုက်တဲ့ ပရိတ်သတ်တွေဆိုရင်တော့ Running Man အဖွဲ့ဝင်တွေထဲက မင်းသမီးချော Song Ji Hyo ကို သိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။
အမျိုးသားအဖွဲ့ဝင်တွေထဲမှာ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် အမျိုးသားတွေနဲ့ တန်းတူကစားနိုင်တဲ့ Ace လို့ အမည်ပေးထားတဲ့အထိကို တက်တက်ကြွကြွနဲ့ ကစားတတ်သူတစ်ဦးလည်းဖြစ်ပါတယ်နော်။
မင်းသမီး Song Ji Hyo ရဲ့အမည်ရင်းကတော့ Cheon Seong-Im ဖြစ်ပြီး 1981 ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ညီမတစ်ဦးနှင့် မောင်တစ်ဦးရှိပြီး ကျောင်းသူဘဝကတည်းက မင်းသမီးဖြစ်ဖို့ စိတ်ကူးရှိခဲ့သူပါ။
မဂ္ဂဇင်းမျက်နှာဖုံးရှင်အနေနဲ့ အနုပညာအလုပ်ကို စတင်လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေအားလုံး မှတ်မိသွားစေခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Princess Hours ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။
Running Man ထဲမှာ အတူပါဝင်ရင်းနဲ့ ပိုပြီးလူသိများခဲ့တဲ့ ပရိတ်သတ်အချစ်တော် မင်းသမီး Song Ji Hyo ရဲ့ ဖက်ရှင်အမိုက်စားလေးတွေကို အားလုံးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်…
Photo Source; Pinterest
The post
Running Man ထဲက ပရိတ်သတ်အချစ်တော် မင်းသမီး Song Ji Hyo ရဲ့ ဖက်ရှင်များ
appeared first on
MyStyle Myanmar
.
#ပရိတ်သတ်
#မင်းသမီး
#အချစ်တော်
#ဖက်ရှင်
#အမည်ရင်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်