ပရိသတ်တွေလုံးဝကြွေသွားမယ့် စိုင်းစည်တွမ်ခမ်းရဲ့ သီချင်းအသစ်ဖြစ်တဲ့ “First Love” official music video
celegabar.com
|
2020-06-10



ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းရဲ့ သားဖြစ်သူ စိုင်းစည်တွမ်ခမ်းကတော့ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်တစ်ယောက်ဖြစ်ပြီး အေးဆေးတဲ့ ဆရာဝန် အနုပညာရှင် ဖြစ်ပါတယ်။ လားရှိုးသားလေး ဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးရေးတစ်ခု နဲ့အတူ အနုပညာအလုပ်ကိုတွဲဖက်လုပ်ဆောင်နေတဲ့ ထက်မြက်တဲ့အနုပညာရှင်တစ်ယောက်ပါ ။






ဥပဓိရုပ်ကောင်းပြီး တည်ငြိမ်ခန့်ညားတဲ့ စိုင်းစည်တွမ်ခမ်းက တော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်ဆိုတာ ပြောနေစရာမလိုတော့ပါဘူးနော် ။ သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေအားပေးခြင်းခံရတဲ့ စိုင်းစည်တွမ်ခမ်းကတော့ လတ်တလောမှာ သူ့ရဲ့ အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ သူ့ရဲ့သီချင်းတစ်ပုဒ်ကို ပရိသတ်တွေဆီအရောက်ပို့ပေးလိုက်ပါပြီ ။ သီချင်းနာမည်ကတော့ “First Love” လို့အမည်ရပြီး စိုင်းစည်တွမ်ခမ်းနဲ့ Shine တို့က သီဆိုထားတာပဲဖြစ်ပါတယ် ။ ဒီသီချင်းလေးရဲ့ official music video ကိုတော့ စိုင်းစည်တွမ်ခမ်း ၊ SHINE နဲ့ Tracy-Nang Tracyတို့ကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ် ။






Covid ကာလမှာသူ့ရဲ့ ပရိသတ်တွေအတွက် အသစ်အသစ်တွေနဲ့အသုံးတော်ခံနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားနေပါတယ်လို့လည်း ပရိသတ်တွေကို အသိပေးထားပါသေးတယ် ။ စိုင်းစည်တွမ်ခမ်းကို အားပေးကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက်လည်း “First Love” official music video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Sai Si Tom Kham
Emily (Cele Gabar)




Some text some message..