အချစ်ဆုံးသူငယ်ချင်း မင်းသားချောခန့်စည်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်
celegabar.com
|
2020-06-11



ဇွန်လ(၁၁)ရက်နေ့ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်အကျော်ကြာရပ်တည်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော် မင်းသား လူပျိုကြီးခန့်စည်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။သူကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဖော်ခဲ့တဲ့ စွယ်စုံရ မင်းသားတစ်ဦးလည်းဖြစ်ပြီး လက်ရှိအချိန်ထိတစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို ပျော်ပျော်ကြီးလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။




ခန့်စည်သူကတော့ အလှူအတန်းတွေလည်း မကြာခဏလုပ်တတ်ပြီး နှစ်စဉ်နှစ်တိုင်းမှာလည်း မွေးနေ့ရက်မြတ်ရောက်တတ်တိုင်း အလှူတွေပြုလုပ်တတ်ပါသေးတယ်။သူကတော့ ပွင့်လင်းဖော်ရွေမှုကြောင့် ပရိသတ်တွေသာမက အနုပညာရှင်မောင်နှမတွရဲ့ အချစ်ကိုသိမ်းပိုက်ထားပါတယ်။ခန့်စည်သူအတွက် မွေးနေ့ဆုမွန်ကောင်းကိုတော့ နိုင်ငံကျော်အနုပညာရှင်အချို့ကတော့ မွေးနေ့မရောက်ခင်မနေ့ကတည်းက ကြိုတင်မွေးနေ့ဆုမွန်ကောင်းတောင်ပေးထားကြတာလည်းဖြစ်ပါတယ်။မင်းသားချောခန့်စည်သူရဲ့ မွေးနေ့အတွက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မင်းသမီးချော ခိုင်သင်းကြည့်ကတော့ “Happy Birthday ကိုကြာစွယ် သက်ရှည်ကျန်းမာပါစေမွေးနေ့တိုင်းပျော်ရွှင်ပါစေ ထပ်ဆင့်အကယ်ဒမီဆုရှင်ကြီးအမြန်ဆုံးဖြစ်ပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ ဇွန်လ(၁၁)ရက်ဖြစ်တဲ့ ယနေ့ကတော့ ကိုခန့်လို့ပရိသတ်တွေချစ်နိုးခေါ်ရတဲ့ မင်းသားချောခန့်စည်သူရဲ့ မွေးနေ့ရက်မြတ်လေးပါတဲ့နော်။ ပရိသတ်ကြီးလည်း မင်းသားချော ခန့်စည်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ဦးနော်။



Source: Kyaw Soe Win
DarDar-CeleGabar




Some text some message..