“ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ချမ်းမြေ့မောင်ချိုရဲ့အစ်ကို သူရမောင်ချို
celegabar.com
|
2020-06-16



MRTV-4 ရုပ်သံလိုင်းကတော့ ရုပ်သံဇာတ်လမ်းတွဲကောင်းတွေကို ထုတ်လွှင့်ပြသလျက်ရှိပြီး မကြာခင်မှာ ထုတ်လွှင့်တင်ဆက်ပေးမဲ့ရုပ်သံဇာတ်လမ်းတွဲကတော့ ဆရာမကြီးစန္ဒာရဲ့ ဂျီဟောသူ ဝတ္ထုကိုပြန်လည် ရိုက်ကူးထားတဲ့ “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲမှာတော့ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ မေမီကိုကို၊ဟိန်းထက်၊ရှင်မွေလစသည်သရုပ်ဆောင်တွေသာမက မျက်နှာသစ်တွေကိုလည်း တွေ့ရမှာလည်းဖြစ်ပါတယ်။




ဆရာမကြီးစန္ဒာရဲ့ နာမည်ကြီးဝတ္ထုကိုပြန်လည် ရိုက်ကူးထားတဲ့ “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲမှာတော့ မာင်ချို လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မလေး ချမ်းမြေ့မောင်ချိုရဲ့ အစ်ကိုဖြစ်သူ သူရမောင်ချိုကလည်း အသားညိုညို နှင့် အောင်လံသားတစ်ယောက် ဖြစ်ပြီး ရှည်လျားမြင့်မားလှသော အရပ်ကြောင့် ခေါင်းမဆံ့ ဟုကင်ပွန်းတပ်ခံရတဲ့ စက်မှုတက္ကသိုလ်မှ စက်မှုမေဂျာ ကျောင်းသား သန်းဝင်းအောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ချမ်းမြေ့မောင်ချိုဟာ ELEVEN တေးစီးရီးထွက်ရှိခဲ့ကာ Single Songတွေနဲ့အတူ ပရိသတ်အခိုင်အမာ ရရှိထားသူဖြစ်သလို အစ်ကိုဖြစ်သူ သူရမောင်ချိုဟာလည်း “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲကနေ သရုပ်ဆောင်တစ်ယောက်အနေဖြင့် အောင်မြင်မှုမျာဒစွာကို သိမ်းပိုက်နိုင်ပါစေ။




CeleGabar ပရိသတ်ကြီးရေ အဆိုတော်မလေး ချမ်းမြေ့မောင်ချိုရဲ့ အစ်ကိုဖြစ်သူ သူရမောင်ချို ပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲကတော့ ဆရာမကြီးစန္ဒာရဲ့ နာမည်ကြီးဝတ္ထုကိုပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး ဇွန်(၁၉)ရက်ည(၇)နာရီမှာ စတင်ပြသတော့မှာတဲ့နော်။



Source: ChanMyae MgCho
DarDar-CeleGabar




Some text some message..