The King Eternal Monarch ဇာတ်ကားရဲ့ သက်တော်စောင့်မင်းသားချောလေး Woo Do Hwan ရဲ့ ဖက်ရှင်လေးတွေ
mystylemyanmar.com
|
2020-06-19

အားလုံးပဲမင်္ဂလာပါနော်။ တောင်ကိုရီးယား သရုပ်ဆောင် မင်းသားချော Woo Do Hwan ကို K-Drama ချစ်သူတွေအတွက်တော့ တကူးတက မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ အခုနောက်ပိုင်း အရမ်းကို နာမည်ရလာပြီး ပရိသတ်တွေ သည်းသည်းစွဲ အားပေးခြင်း ခံရသူလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာထွက်ခဲ့တဲ့ Save Me, Mad Dog, Tempted, The Divine Fury ကားထဲမှာ ပိုပြီး လူသိများ အားပေးခြင်းခံခဲ့ရတာပါ။ မကြာခင်က ထုတ်လွှင့်လို့ ပြီးသွားတဲ့ The King Eternal Monarch ဇာတ်ကားရဲ့ သက်တော်စောင့်မင်းသားအဖြစ်လည်း ပရိသတ်နှလုံးသားကို ထပ်မံသိမ်းပိုက် ခဲ့တဲ့သူလည်းဖြစ်ပါတယ်နော်။ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး စတိုင်လ်လေးနဲ့ အရမ်းလန်းတဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေ၊ စတိုင်လ်တွေကြောင့် မိန်းကလေး ပရိသတ်တွေပိုပြီး ကြွေရတယ်ဆိုလည်းမမှားပါဘူး။



Woo Do Hwan ကို ၁၉၉၂ ခုနှစ် ဇူလှိုင်လ ၁၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Anyang မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အရပ်အမြင့်ကတော့ ၁.၈ မီတာ ( ၅ပေ ၁၀ လက်မကျော်) ရှိပြီး အရပ်မြင့်မြင့်နဲ့ ဘော်ဒီအမိုက်စား မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က Mad Dog ဇာတ်လမ်းတွဲမှာ အကောင်းဆုံး သရုပ်ဆောင်သစ် ဆုကိုရရှိခဲ့ပါတယ်။




သူရဲ့ဖက်ရှင်တွေကလည်း ရိုးရှင်းပြီး အမိုက်စား ဖက်ရှင်တွေဖြစ်ပါတယ်နော်။ အဲဒီထဲကမှ စာဖတ်သူတို့ သဘောကျမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်..










 


 









 




Photo Source; Pinterest


The post

The King Eternal Monarch ဇာတ်ကားရဲ့ သက်တော်စောင့်မင်းသားချောလေး Woo Do Hwan ရဲ့ ဖက်ရှင်လေးတွေ appeared first on

MyStyle Myanmar .




Some text some message..