ပရိသတ်အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ရုပ်ရည်လေးက ချောမောလှပသလို ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်သွယ်လျလွန်းတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားပြီး အရမ်းကို အောင်မြင်နေတာလည်း ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က လတ်တလောမှာတော့ ကြော်ငြာလေးတွေ အဆက်မပြတ်ရိုက်ကူးနေရသလို ပျော်ပျော်ပါးပါး ခရီးတွေထွက်နေရတာလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် တစ်နေ့တခြားပိုလှလာသလို ပရိသတ်တွေကလည်း သူမရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က ပရိသတ်တွေအံ့အားသင့်သွားစေမယ့် ပုံရိပ်လေးတစ်ခုကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က " နောက်ဆုံးတော့ ချပြလိုက်ပါပြီ" ဆိုပြီး ကောင်လေးတစ်ယောက်ရဲ့ပုံလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ ဖြစ်ပါတယ်။ သင်ဇာက Face App နဲ့ သူမရဲ့ပုံကို ယောက်ျားလေးပုံစံပြောင်းပြီး ပရိသတ်တွေအံ့အားသင့်သွားအောင် စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။