A4 ကျော်စွာ အိမ်မဌားရသေးခင် အိမ်မှာခဏနေခွင့်ပြုထားတဲ့ ယုန်လေး
celegabar.com
|
2020-06-20

Collage_Fotor-compressor (24)

A4ကျော်စွာကတော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့ ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့သူဖြစ်ပြီး ငယ်ရွယ်စဉ်အချိန်ကတည်းက ဆိုးမိုက်ပေတေမှုနဲ့ အသားကျခဲ့ပေမယ့် လက်ရှိမှာတော့ သူယုံကြည်ရာဂီတခရီးလမ်းကို လျှောက်လှမ်းရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားနေပါတယ်။




ယုန်းလေးကတော့ လူငယ်တွေကို လက်ကမ်းခေါ်လေ့ရှိပြီး A4 ကျော်စွာနဲ့ မင်းZ တို့ကိုလည်း သူကိုယ်တိုင်ရေးစပ်ထားတဲ့ ဝမ်းစား သီချင်းထဲမှာ ပါဝင်ဖန်တီးသီဆိုခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စိတ်ကူး ဆိုတဲ့ သီချင်းသစ်လေးမှာလည်း A4 ကျော်စွာနဲ့ မင်းZ တို့က ပါဝင်ကြမှာဖြစ်ပြီး မင်းZ ကတော့မန္တလေးမြို့ကနေ ရန်ကုန်ရောက်လာကာ ယုန်လေးရဲ့ အိမ်မှာနေ နေတာလည်းဖြစ်ပါတယ်။ ယုန်လေးကတော့ A4 ကျော်စွာ အိမ်မဌားရသေးခင် အိမ်မှာခဏနေခွင့်ပြုထားတဲ့အကြောင်းကို “အားလုံး Good Night par A4 ကျော်စွာ အိမ်မဌားခင် မိုးရွာတော့လည်း သူလမ်းဘေးအိပ်လို့ အဆင်မပြေလို့ အိမ်ခဏ ခေါ်ထား ရောက်ရောက်ချင်း ကျွန်တော်လည်း မနက်တိုင်း ညတိုင်း ဘုရားရှိခိုးတယ် . ဒီ နှစ်ယောက်လည်း ရောက်တာနဲ့ ဘုရားရှိခိုး ခိုင်းပြီး . နောက်နေ့တွေပါ မနက် တစ်ခါ ညတစ်ခါ ရတဲ့ဘုရားစာတွေ ဆိုခိုင်းထားတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ A4 ကျော်စွာအတွက် ကိုယ်တိုင်အိမ်ငှားပေးဖို့ ကြိုးစားနေတဲ့ ယုန်လေးကတော့ လတ်တလောမှာ မိုးတွေရွာနေလို့ လမ်းဘေးအိပ်လို့ အဆင်မပြောတာကြောင့် အိမ်ငှားမရသေးခင် သူ့အိမ်မှာပေးနေဖို့ ခဏခေါ်ထားပါတယ်တဲ့။ပရိသတ်ကြီးရေ ယုန်းလေးရဲ့ A4 ကျော်စွာ အပေါ်ထားတဲ့ စေတနာတွေကတော့ တကယ်လေးစားစရာပါပဲနော်။



Source: Yone Lay
DarDar-CeleGabar




Some text some message..