ကိုယ်ဝန်စရှိတဲ့ထဲက Covid ကြောင့်ခွဲနေရတဲ့ ခင်ပွန်းနဲ့ပြန်လည်ဆုံတွေ့ပြီးပျော်ရွှင်နေတဲ့ ပန်းအိဖြူ
celegabar.com
|
2020-06-20



တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့ သီဆိုတတ်တဲ့ မြန်မာသံအဆိုရှင်တစ်ဦးပဲဖြစ်ပါတယ် ။ ပရိသတ်တောင်းဆိုမှုအများဆုံး မြန်မာသံတေးစီးရီးဆုကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်သလို သူမရဲ့ရှည်လျား လှပလွန်းတဲ့ ဆံပင်ရှည်ကြီးနဲ့ နန်းဆန်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်အချစ်ပိုနေရတဲ့အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ရင့်ကျက်တည်ငြိမ်တဲ့အလှတွေကိုတော့ စာဖွဲ့မကုန်နိုင်ပါဘူး ပရိသတ်ကြီးရေ ..။





တေးသံရှင် ပိုးအိဖြူကတော့ ချစ်သူဖြစ်တဲ့ ဗိုလ်ကြီးနေဇော်ထွန်းနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အခုဆိုရင် ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပါတယ် ။ သူမကိုအားပေးကြတဲ့ ပရိသတ်တွေကြောင့် အားတက်ရပေမယ့် ခင်ပွန်းဖြစ်သူကတော့ Covid ကာလတွေ မှာတာဝန်နဲ့ အဝေးရောက်နေလို့ မတွေ့ဆုံဖြစ်ခဲ့ပေမယ့် ဇွန်လ (၁၈) ရက်နေ့မှာတော့ ဗိုက်ကလေး နှစ်လကတည်းက ကိုဗစ်ကြီးကြောင့် မတွေ့ဖြစ်တော့တဲ့ သားသားလေးဖေဖေ အနားရောက်လာတုန်း ဗိုက်ကလေးနဲ့ အမှတ်တရလေးပါရှင့်… ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းဖြစ်သူပြန်လာလို့ ပျော်ရွှင်နေတဲ့ သူမတို့ ဇနီးမောင်နှံရဲ့ အမှတ်တရပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။





ခင်ပွန်းပြန်လာလို့ပျော်နေတဲ့ ပန်းအိဖြူကို ပရိသတ်တွေက အားကျကြောင်းနဲ့ သူမနဲ့ထပ်တူဝမ်းသာပျော်ရွှင်ကြောင်းတွေ မှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။ သူမကတော့ ပန်းအိတို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ မေတ္တာစကား လက်ဆောင်လေးများ ပေးကြတဲ့ ချစ်ခင်ရသူများအားလုံး တစ်ဦးချင်းစီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ချစ်ခင်လျက်ပါရှင့် ဆိုပြီး ကျေးဇူးတင်စကား ပြန်လည်ရေးသားခဲ့ပါသေးတယ် ။




Source : Pan Ei Phyu
Emily (Cele Gabar)




Some text some message..