ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းလွန်းတာမို့လည်း အားလုံးက ချစ်ခင်အားပေးနေကြတာပါ..။
MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ထဲ တိုးဝင်နေရာယူထားတဲ့ မင်းသမီးချောလေး သူမကတော့ "အချစ်ဖွဲ့လေညင်း"ဇာတ်ကားနဲ့လည်း ပရိသတ်အသည်းတွေ ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်နော်..။
သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို သံသာမိုးသိမ့်ကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သူမရဲ့ ငယ်ဘဝပုံလေးတွေကို ဝေမျှထားပါတယ်နော်..။
ငယ်စဉ်ကလေးဘဝကတည်းက ချစ်ဖို့ကောင်းတဲ့အကြောင်းလေးကို အသည်းကျော်လေး သူမက ပရိသတ်တွေကို မျှဝေကာ သက်သေပြလိုက်တာမို့ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးကိုတော့ အားလုံးက သဘောကျနေကြမှာပါနော်..။
"အဖေနဲ့အမေရဲ့... ရှယ် product
ကျွန်မဆီက product ဆိုရင်တော့ ဘယ်လောက်တောင် ချစ်စရာကောင်းနေမလဲမေး
မွေးကတည်းကချော မွေးကတည်းကလှ ကျွန်မ.." ဆိုပြီး ချစ်စဖွယ်လေးရေးထားသေးပါသေးတယ်နော်..။
ကလေးဘဝကတည်းက အသည်းယားစရာကောင်းအောင် ချစ်ဖို့ကောင်းလွန်းတဲ့ သံသာလေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက အချစ်ပိုနေကြပါတယ်နော်..။