ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က SBS Entertainment မှ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ Backstreet Rookie Korea Drama ရုပ်သံဇာတ်လမ်းတွဲဟာ အငြင်းပွားဖွယ်လိင်ပိုင်းဆိုင် ဇာတ်ဝင်ခန်းတွေကြောင့် Cancel လုပ်ဖို့တောင်းဆိုခြင်းခံနေရပါတယ် ။ The King:Eternal Monal Monarch ဇာတ်လမ်းတွဲအစား ပြသနေတဲ့ Romantic Comedy Drama ဖြစ်တဲ့ Backstreet Rookie ဇာတ်လမ်းတွဲထဲမှာ K2 မင်းသားလို့လူသိများကြတဲ့ ဂျီချန်ဝူ နဲ့ကင်ရိုဂျန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲရဲ့Episode 1 မှာ အထက်တန်းကျောင်းသူ(ကင်ရိုဂျန်) က အသက် ၃၀ အရွယ် သူစိမ်းယောက်ကျားလေး(ဂျီချန်ဝူ) ကို အနမ်းပေးလိုက်တဲ့အခန်း ၊ အထက်တန်းကျောင်းသူတွေ ဇာတ်ဝင်ခန်းမှာ ကင်မရာရိုက်တဲ့ အနေအထားတွေဟာ သူတို့ရဲ့ရင်သားတွေကိုဦးစားပေးရိုက်ခြင်း၊ အောက်ကပင့်ရိုက်ခြင်းစတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေပါတယ် ။
ဒါအပြင် ချွဲဒယ်ဟွန်း(ဂျီချန်ဝူ)က ဂျောင်ဆဲဗြော(ကင်ရိုဂျန်) လိုက်ရှာတဲ့အခန်းမှာ ချွဲဒယ်ဟွန်တစ်ယောက် ပြည်တန်ဆာ လိုက်စားမှု နဲ့အဖမ်းခံတဲ့အခန်း ၊ ချွဲဒယ်ဟွန်း(ဂျီချန်ဝူ) ရဲ့သူငယ်ချင်းဖြစ်သူ ကာတွန်းဆွဲတဲ့အခန်းမှာ Naked Women တွေထည့်သွင်းဆွဲထားတဲ့အခန်းတွေကြောင့် အခုလို့Cancel လုပ်ဖို့တောင်းဆိုခံနေရတာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ Cancel လုပ်ဖို့အတွက် Post ပေါင်း ၂၄၀၀၀ ရှိနေပြီး SBS Entertainment ဘက်ကတော့ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ တိတိကျကျ ထုတ်ပြန့်ခြင်းမရှိသေးပါဘူး ။ လက်ရှိအချိန်မှာ Backstreet Rookie ဇာတ်လမ်းတွဲဟာ Episode ၂ ခုထုတ်လွှင့်ပြသပြီးခဲ့ပြီး ဖြစ်ကာ Episode 2 ရဲ့ Rating(6.8) ဟာ Episode 1 ရဲ့Rating(3.7) ထက် နှစ်ဆ ရှိနေပါတယ် ။