သင်ဟာဘယ်လိုလူစားလဲဆိုတာကို ပြောပြပေးမယ့် စမ်းသပ်ချက်လေးတစ်ခု
lotaya.mpt.com.mm
|
2020-06-25

Shutterstock/Teguh Mujiono & Chereliss

ဒီစမ်းသပ်ချက်လေးကတစ်ဆင့် သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့လူမျိုးလဲဆိုတာကို ပြောပြပေးမှာပါ။ ဒါကြောင့် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာကို သေချာသိနိုင်ဖို့အတွက် စိတ်ရှင်းရှင်းနဲ့ စမ်းသပ်ချက်လေးကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ စမ်းသပ်ချက်လေးမှာ ပိုးစုန်းကြူးလေးတွေထည့်ထားတဲ့ ပုလင်းလေး ၄ ခုကိုပေးထားပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ ၁ ပုလင်းကိုရွေးချယ်ပြီး အဖြေလေးကိုကြည့်လိုက်ရအောင်နော်….

(၁) နံပါတ် ၁ ပုလင်း




Shutterstock/Teguh Mujiono & Chereliss

သင်ဟာ အံ့သြဖို့ကောင်းတဲ့ စိတ်နေစိတ်ထားရှိသူတစ်ယောက်ဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပြီး ဆတ်ဆတ်ထိမခံတဲ့လူစားမျိုးဖြစ်ပေမယ့် အရမ်းချစ်တက်ပြီး ကိုယ့်ဘေးမှာရှိတဲ့လူတိုင်းကို အမြဲနားလည်ပေးတတ်ပါတယ်။ သင်ဟာ လူတိုင်းကို ကိုယ်နိုင်သလောက် ပျော်ရွှင်အောင်လုပ်ပေးပေမယ့် သင်ပျော်ရွှင်ဖို့ကိုတော့ ဘယ်သူကမှ အရေးတယူလုပ်ပေးလေ့မရှိပါဘူး။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လျစ်လျူရှူပြီး သူတစ်ပါးကိုပဲ အမြဲပူပန်နေတတ်တဲ့အတွက် သင့်မှာပြဿနာတွေ ကြုံလာရတက်ပါတယ်။ သင့်မှာ ဘယ်လိုအခြေအနေတွေပဲ ကြုံရကြုံရ သင်ကသူတစ်ပါးပျော်ရွှင်ဖို့ကိုပဲ အမြဲအလေးထားတဲ့သူတစ်ယောက်ပါ။ အကြံပေးချင်တာက သူများတွေကိုပဲ အမြဲဦးစားပေးမနေပဲ ကိုယ်တိုင်လည်း ပျော်ရွှင်အောင်နေပြီး ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဖို့ပြောချင်ပါတယ်။



(၂) နံပါတ် ၂ ပုလင်း




Shutterstock/Teguh Mujiono & Chereliss

သင်ဟာ အပြုသဘောဆောင်တဲ့စိတ်တွေနဲ့ စိတ်အားထက်သန်မူတွေ ပြည့်ဝနေသူတစ်ယောက်ပါ။ သင်ဟာ လူတိုင်းအပေါ် အကောင်းမြင်စိတ်တွေနဲ့အမြဲကြည့်တဲ့အတွက် တစ်ခါတစ်ရံဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာရတတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့အကောင်းမြင်စိတ်တွေနဲ့ လိမ္မာပါးနပ်မူတွေကြောင့် သင့်ဘေးနားက လူတွေက အမြဲပျော်ရွှင်ရတတ်ပါတယ်။ သင်ဟာ ဘယ်နေရာရောက်ရောက် လူတိုင်းနဲ့အဆင်ပြေပြေပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူတိုင်းမှာ အကောင်းမြင်စိတ်အမြဲရှိဖို့ ခက်ခဲတာဖြစ်တဲ့အတွက် အမြဲလူတိုင်းအပေါ်အကောင်းမြင်စိတ်ရှိတဲ့သင်ဟာ ထူးခြားတဲ့သူတစ်ယောက်ပါ။

(၃) နံပါတ် ၃ ပုလင်း




Shutterstock/Teguh Mujiono & Chereliss

သင်ဟာ ပြဿနာရပ်တိုင်းကို ပြေလည်အောင် အကောင်းဆုံအကြံဉာဏ်တွေကို ပေးတက်သူတစ်ယောက်ပါ။ ဒါ့အပြင် သင်ဟာ မိမိရဲ့ခံစားချက်ကို ကွက်ကွက်ကွင်းကွင်းနဲ့သူများမြင်အောင် ပြောတတ်ရေးတတ်တဲ့သူဖြစ်တဲ့အတွက် စာရေးဆရာ၊ ဆရာမ နဲ့ သတင်းထောက်လုပ်မယ်ဆိုရင် သင်နဲ့ သင့်တော်ပါတယ်။ သင်ဟာ လူတိုင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့ တွေးခေါ်ပုံတွေဟာ ထူးခြားတဲ့အတွက် လူတိုင်းရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ မတူညီတဲ့အကြံဉာဏ်တွေကို ပေးနိုင်ပါတယ်။ သင်ဟာ အလွန်ထူးခြားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်ပါတယ်။ နောက်တစ်ခုက နှလုံးသားပြည့်ဝတာကြောင့် သင်နဲ့ပတ်သတ်မိတဲ့လူတိုင်းအတွက် သင်ဟာတန်ဖိုးထားပြီး ပေါင်းသင့်ရမယ့် လူတစ်ယောက်ဖြစ်လာပါတယ်။



(၄) နံပါတ် ၄ ပုလင်း




Shutterstock/Teguh Mujiono & Chereliss

သင်ဟာ ကိုယ့်ကိုယ်ကို ဘယ်တော့မှမပြည့်စုံတဲ့လူတစ်ယောက်လို့ အမြဲထင်နေသူတစ်ဦးပါ။ အမှန်တော့ သင်ဟာ အဖက်ဖက်ကပြည့်စုံနေလို့ ကိုယ့်ကိုယ်ကိုအားမလိုအားမရတွေဖြစ်ပြီး မပြည့်စုံဘူးလို့ထင်နေတာပါ။ သင့်မှာ ရိုးသားတဲ့နှလုံးသားရှိပြီး ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတတ်သူတစ်ဦးပါ။ သူတစ်ပါးကိုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲ အမြဲကိုယ်တိုင်ရပ်တည်နိုင်အောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။ သင်ဟာ မိမိမှာရှိတဲ့အရာတွေနဲ့ ရောင့်ရဲတင်းတိမ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတက်သူလည်းဖြစ်သလို သူတစ်ပါးပျော်ရွှင်ဖို့အတွက်ဆို ကိုယ့်ပိုင်ဆိုင်တဲ့အရာတွေကို စွန့်လွှတ်ဖို့ဝန်မလေးပါဘူး။ သူတစ်ပါးကို ကူညီတဲ့နေရာမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲကူညီတတ်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..