သဲဖြူဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ စိုးညီအစ်မ(၄)ယောက်
celegabar.com
|
2020-06-27

Collage_Fotor (22)

ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိထားကြပြီး ညီအစ်မ(၄) ယောက်လုံးက ရုပ်ရည်ချောမောမှုလည်း အပြစ်ပြောစရာမရှိတဲ့အပြင် အနုပညာအရည်အချင်းပြည့်မှီတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်သရုပ်ဆောင်တွေလည်း ဖြစ်ကြပါတယ်။




စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ကတော့ စီးပွားရေးလုပ်ငန်းတွေကို အတူပူးပေါင်းလုပ်ကိုင်ကြသလို ”မင်းသမီး ပိုးထည်တိုက် ” ဆိုတဲ့ဆိုင်လေးကိုလည်း အတူဖွင့်လှစ်ထားကြပါတယ်။လက်ရှိမှာတော့ ညီအစ်မ(၄) ယောက် စုပေါင်းကာ သဲဖြူဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့အကြောင်းကို “သဲဖြူဆရာတော်ဘုရားကြီးနေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်အလှူ” လို့ စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အလှူအမှတ်တရပုံရိပ်တွေကို ဝေမျှထားပါတယ်။




CeleGabar ပရိသတ်ကြီးရေ အနုပညာလောကရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်အခိုင်အမာရရှိထားပြီး ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ကတော့ ယနေ့မှာ သဲဖြူဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်လှူခဲ့ပါတယ်တဲ့။ ပရိသတ်ကြီးရေ စိုးညီအစ်မ(၄) ယောက်ရဲ့ အလှူလေးကို သာဓုခေါ်ခဲ့ကြပါဦးနော်။


Source: Sandy Myint Lwin
DarDar-CeleGabar





မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို သူမတူအောင် အနုပညာအရည်အချင်းပြည့်ဝလွန်းတဲ့ အကယ်ဒမီ (၆) ဆုရှင် ဝါရင့်မင်းသားကြီး ရန်အောင်ကတော့ အခုချိန်ထိ ပရိသတ်တွေ အားပေးချစ်ခင်နေကြဆဲ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ကိုရန်လေးကတော့ မကြာခဏ ခရီးတွေထွက်တတ်သလို အလှူအတန်းမှာလည်းလက်မနှေးတဲ့အနုပညာရှင်တစ်ယောက်ပါ ။





ဒီနေ့ ဇွန်လ (၂၇) ရက်နေ့ မှာတော့ မဟာမြိုင် သဲဖြူဆရာတော်ဘုရားကြီး(မှော်ဘီ)ဆီသွားရောက် ခဲ့ကြပြီး စိုးညီအစ်မတွေဖြစ်တဲ့ စိုးစိုး ၊ ဒါဒါ ၊ ဒီးဒီ ၊ ဇင်ဇင် “ရွှေမင်းသမီး” နဲ့ “ဘစိုး “တို့ကဆရာတော်ကြီးကို နေ့ဆွမ်း ကပ်လှူကြပါတယ်ကျွန်တော်လည်း ဆရာတော့်အတွက် ဌက်သိုက်နှင့်ဒိန်ချည်များလှူဒါန်း ကုသိုလ်ယူရင်း “ဘဝမှာမမြင်ဖူး တဲ့ အရာများ ဖူးတွေ့ခွင့်ရခဲ့ပါတယ်..” ဆိုတဲ့ စာသားလေးနဲ့အတူ ယနေ့ပြုခဲ့တဲ့ ကိုသိုလ်ကောင်းမှုအစုစုကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ လူမှုကွန်ရက်စာမျက်နှာထက်ကနေမျှဝေပေးခဲ့ပါတယ် ။





ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း ကိုရန်လေး ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုထားကြပြီး ဒီထက်မက လှူနိုင်ပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြတာပါတယ် ။ ကိုရန်လေးရဲ့ Cele Gabar ပရိသတ်ကြီးအတွက် အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။


Source : Yan Aung
Emily (Cele Gabar)




Some text some message..