
sawhtetnaingsoe 3
Myanmar Idol Season (1) ပြီုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော် စောထက်နိုင်စိုးကတော့ နိုင်ငံကျော်အဆိုတော် ဟန်နေတာရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မိုးမခအိပ်မက်ခရမ်းပြာ” သီချင်းကို ကိုယ်တိုင် ပီယာနိုးတီးပြီးCover ပြန်ဆိုထားပါတယ်။
စောထက်နိုစိုးကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးပြီနောက်မှာ အဓိက ဆိုတဲ့ တေးစီရီးအယ်လ်ဘမ် တစ်ခုထွက်ရှိထားပြီး Single Song များစွာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာကိုရရှိထားပါတယ်။ သူကတော့ ဟန်နေတာရဲ့ အအအောင်မြင်ဆုံးသီချင်းဖြစ်ပြီး ဟန်နေတာကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “မိုးမခအိပ်မက်ခရမ်းပြာ”သီချင်းကို ကိုယ်ပိုင်ဟန်လေးနဲ့ ကိုယ်တိုင် ပီယာနိုးတီးပြီးCover ပြန်ဆိုထားပါတယ်။ “မိုးမခအိပ်မက်ခရမ်းပြာ” သီချင်းကတော့ တေးချစ်ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် စောထက်နိုင်စိုးကတော့ “”မိုးမခအိပ်မက်ခရမ်းပြာ” #Cover #SawHtetNaingSoe အမှားပါရင်ခွင့်လွှတ်ပါဗျာ” လို့ ဆိုကာ Cover သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် စောထက်နိုင်စိုးရဲ့ အဆိုတော် ဟန်နေတာရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မိုးမခအိပ်မက်ခရမ်းပြာ” သီချင်းကို ကိုယ်တိုင် ပီယာနိုးတီးပြီးCover ပြန်ဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
Source: Saw Htet Naing Soe
DarDar-CeleGabar

Collage_Fotor (20)
ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ဖြိုးပြည့်စုံကတော့ ဒီနေ့မှာ အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိတ်တွေသာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့ ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံဖြိုကရေး ပရဟိတဂေဟာမှာ ရေစုကန်ဆောက်လုပ်ဖို့ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဖြိုးပြည့်စုံကတော့ ဒီအလှူလေးကို ပြီးခဲ့တဲ့ မွေးနေ့အတွက်ရယ်. အမေဖြစ်သူအတွက်ရယ် ဆရာဖြစ်သူ KAT အတွက်အလှူလေးပြုလုပ်ချင်တာကြောင့် စုထားတဲ့ ငွေ သိန်း(၃၀)ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဖြိုးပြည့်စုံက ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံဖြိုကရေး ပရဟိတဂေဟာမှာရှိတဲ့ ကလေးငယ်တွေ ပိုမိုအဆင်ပြေပြီး ဘဝရည်မှန်းချက်တွေအောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။
ဖြိုးပြည့်စုံက အခုလိုလှူဒါန်းဖြစ်တဲ့ အလှူငွေတွေဟာ သူ့ကို အစဉ်တစိုက်ပံ့ပိုးအားပေးတဲ့ သူတွေရဲ့အလှူငွေတွေဖြစ်တာကြောင့် (၇)ရက်သားသမီးတွေထပ်တူရစေဖို့အမျှပေးဝေထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဖြိုးပြည့်စုံရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။
Chilli – CeleGabar
Source – Phyo Pyae Sone – ဖြိုးပြည့်စုံ
နိုင်ငံကျော် Hip Hop အဆိုတော် Ah Boy နဲ့ ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း အဆိုတော် ချမ်းမြေ့မောင်ချို တို့ကတော့ မကြာသေးမီကမှ အငွေ့အသက်များ ဆိုတဲ့ သီချင်းလေးကို တွဲဖက်သီဆိုထားတာလည်းဖြစ်ပါတယ်။ ဒီသီချင်းကတော့ ထွက်ရှိပြီး(၃)ပတ်အတွင်းမှာ JOOX မှာ ပရိသတ်အကြိုက်တေးသီချင်း Top(၆) နေရာကိုရောက်ရှိခဲ့ပါတယ်။
အဆိုတော် Ah Boy နဲ့ အဆိုတော် ချမ်းမြေ့မောင်ချို တို့ကတော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အငွေ့အသက်များ ဆိုတဲ့ သီချင်းလေးနဲ့ ကိုယ်တိုင် Tik Tok ရိုက်ထားပါတယ်။ သူ့တို့ကိုယ်တိုင် Tik Tok ရိုက်သလို ပရိသတ်တွေကို အငွေ့အသက်များ သီချင်းလေးနဲ့ TikTok လေးရိုက်ပြီး တင်ပေးဖို့ကို “TikTok အသုံးပြုသူများကို အကူအညီလေးတစ်ခုတောင်းချင်လို့ပါ။ ကျနော်ကို ခင်လို့ပဲဖြစ်ဖြစ်… မောင်ချိုကို ချစ်လို့ပဲဖြစ်ဖြစ်… ၂ ယောက်လုံးကို အားပေးလို့ပဲဖြစ်ဖြစ်… TikTok လေးရိုက်ပြီး #အငွေ့အသက်များ ဆိုပြီး တင်ပေးပါလား? အမှတ်တရလေးအဖြစ် စုထားချင်လို့ပါ။ ” နဲ့ “အငွေ့အသက်များ #tiktok” လို့ Ah Boyနဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာအသီးသီးမှာ တောင်းဆိုထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် Ah Boy နဲ့ ပရိသတ်အချစ်တော် အဆိုတော် ချမ်းမြေ့မောင်ချိုတို့ရဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အငွေ့အသက်များ ဆိုတဲ့ သီချင်းလေးနဲ့ ကိုယ်တိုင် Tik Tok ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း အတူတူ အငွေ့အသက်များ သီချင်းလေးနဲ့ TikTok လေးရိုက်ပြီး တင်ပေးလိုက်ကြရအောင်။
Source: Chanmyae MgCho, Kyaw Phyo Tun
DarDar-CeleGabar