BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ လှပကြော့ရှင်းတဲ့ Dress ဖက်ရှင်များ
mystylemyanmar.com
|
2020-07-01
BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ နာမည်အရင်းကတော့ Kim Ji-soo ဖြစ်ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာမွေးဖွားခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဩဂုတ်လမှာ YG Entertainment ရဲ့ သင်တန်းသူတစ်ယောက်ဖြစ်လာခဲ့ပြီး အသက် ၁၆ နှစ်ကတည်းကနေ ငါးနှစ်တိုင်တိုင် လေ့ကျင့်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်ရောက်တဲ့အခါမှာတော့ BLACKPINK အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကာ အဖွဲ့ရဲ့ Lead Vocalist နဲ့ Visual လည်းဖြစ်ပါတယ်။
YG မှာ သင်တန်းသူအဖြစ် မဝင်ရောက်ခင်ကတည်းက သူမရဲ့အလှအပကြောင့် ကျော်ကြားသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ရုပ်ရည်၊ အနုပညာတို့ကြောင့် ကျောင်းမှာလည်းထင်ပေါ်ကျော်ကြားပြီး School Of Performing Arts အထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့ဖူးပါတယ်။
Twice အဖွဲ့မှ Nayeon, Red Velvet အဖွဲ့မှ Seulgi, Gfriend အဖွဲ့မှ Sowon နှင့် Wjsn အဖွဲ့မှ Bona တို့နဲ့ ရင်းနှီးပြီး ရိုးရာဒရမ်နှင့် ဂစ်တာကို တီးခတ်နိုင်တယ်လို့ဆိုပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ Got7 Jinyoung, NCT Doyoung တို့နှင့်အတူ Inkigayo ဖျော်ဖြေရေးအစီအစဉ်အတွက် MC လုပ်ကိုင်ခဲ့ပါတယ်။
The post
BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ လှပကြော့ရှင်းတဲ့ Dress ဖက်ရှင်များ
appeared first on
MyStyle Myanmar
.
#သင်တန်းသူ
#အဖွဲ့ဝင်
#အဖွဲ့
#ဖေဖော်ဝါရီ
#ရုပ်ရည်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်