သင့်အသွင်အပြင်ကို အများသူငါထက် ပိုမိုဆွဲဆောင်မှုရှိစေဖို့ သိထားရမယ့် အချက်လေးတွေ
mystylemyanmar.com
|
2020-07-01

ယနေ့ခေတ်တွင် အမျိုးမျိုးသော ဖက်ရှင်အသွင်အပြင်များ၊ မိတ်ကပ်လိမ်းခြယ်နည်းများ အမြောက်အမြားပေါ်ထွက်နေသော်ငြားလည်း အမှန်တကယ်စင်စစ် မိမိကို အခြားသူများနှင့်မတူဘဲ တမူထူးခြားစွာဆွဲဆောင်မှုရှိစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းတွေအများအပြားရှိပါတယ်။ အချိန်အများကြီးလည်း ပေးစရာမလိုဘဲ လွယ်ကူရိုးရှင်းသည့်အချက်လေးများဖြစ်သည့်အတွက် မိန်းကလေးများအတွက် အထောက်အကူဖြစ်စေရန် မျှော်လင့်ရင်း ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဝိုင်းစက်သောမျက်လုံးများ




ဝိုင်းစက်ကျယ်ဝန်းသောမျက်ဝန်းများရှိသည့် မိန်းကလေးများသည် ပို၍ဆွဲဆောင်မှုရှိကြသည်ဟု ထင်မြင်ချက်ပေးကြသောကြောင့် မျက်လုံးအပေါ်နားတွင် Smoky Shade ကိုအသုံးပြုကာလိုင်းတလိုင်းဆွဲလိုက်ခြင်းဖြင့် လွယ်ကူလျင်မြန်စွာ ဝိုင်းစက်သောမျက်လုံးအလှကိုရရှိနိုင်မှဖြစ်ပါတယ်။

၂။ ကြည်လင်သောအသားအရေ




အကယ်၍ သင်သည် ဝက်ခြံအထွက်များသူတစ်ယောက်ဖြစ်နေပါက Salicylic Acid နှစ်ရာခိုင်နှုန်းပါဝင်သည့် အလှကုန်ပစ္စည်းကို သုံးစွဲကြည့်ပါ။ ထိုမှအသားအရေသည် ကြည်လင်မှုမရှိလာပါက အရေပြားဆရာဝန်နှင့်တွေ့ဆုံ၍ အညွှန်းဆေးဝါးကို အသုံးပြုပေးသင့်ပါတယ်။

၃။ သန့်ရှင်းသောဆံပင်




ဆံကေသာကို မွှေးပျံ့မှုရှိစေရန်အတွက် အစိုဓာတ်ကိုပျောက်ရှသွားစေနိုင်သည့် နေ့စဉ်ခေါင်းလျှော်ခြင်းကို ပြုလုပ်မည့်အစား မိမိကြိုက်နှစ်သက်သည့် အမွှေးနံ့ဆွတ်ဖြန်းထားသောဘီးဖြင့် ခေါင်းတစ်လျှောက်ဖြီးသင်ပေးခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။

၄။ ရှည်လျားသောမျက်တောင်မွေး




မျက်တောင်မွေးများကို ပိုမိုကြည့်ကောင်းစေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မျက်တောင်ကော့တံကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။ မျက်လုံးကိုပိုမိုဝိုင်းစက်စေကာ မျက်တောင်မွေးများကို ပိုမိုရှည်လျားစေသည့်အသွင်ကို ပေးစွမ်းနိုင်သောကြောင့် မိတ်ကပ်မလိမ်းခြယ်ထားလျှင်တောင်မှ သင့်ကိုကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

၅။ ရှက်သွေးဖြန်းမျက်နှာ




နှုတ်ခမ်းနီလိမ်းခြယ်ပြီးသည်နှင့် လက်ထိပ်လေးဖြင့် နှုတ်ခမ်းကြောင်းကို ဖြည်းဖြည်းညှင်သာစွာဝါးလိုက်ခြင်းဖြင့် မိန်းကလေးဆန်၍ သဘာဝအသွင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပါးနှင့်နှုတ်ခမ်းများတွင် ရှက်သွေးဖြာနေသောမိတ်ကပ်အပြင်အဆင်သည် အမျိုးသားများကို အထူးဆွဲဆောင်နိုင်သည့်အသွင်တစ်ခုပဲဖြစ်ပါတယ်။

၆။ ထူထဲနက်နဲသောဆံကေသာ




ဆံပင်ကိုထူထဲမှုရှိစေရန်အတွက် အမြစ်မှစ၍အားစိုက်ထုတ်ရမှာဖြစ်ပါတယ်။ ဆံပင်တစ်ချောင်းစီကို တောင့်တင့်မှုရှိစေပြီး ထုထည်ထူထဲမှုကို ဖယ်ရှားပစ်နိုင်သောအဆီကိုစုပ်ယူနိုင်သော စပရေးကိုအသုံးပြုရန်လည်း အကြံပေးထားပါသေးတယ်။ အမြစ်နေရာများသို့ပက်ဖြန်းပြီးနောက် လက်ချောင်းများဖြင့် နှိပ်နယ်ပေးနိုင်ပါတယ်။

၇။ ညီညာဖြောင့်တန်းသောမျက်ခုံးမွေး




မျက်ခုံးမွေးသည် မျက်နှာအချိုးအစားပြေပြစ်မှုနှင့်ပတ်သက်၍ လူအများအဓိကထားသည့်အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျက်ခုံးမွေးများကို အပေါ်သို့သပ်ကာ powder shade ကိုအသုံးပြု၍ သဘာဝဆန်သောအရောင်ကို ရရှိနိုင်ပါတယ်။ အကယ်၍ဆံပင်အဖြူဆိုးထားသူဆိုပါက ဆံကေသာထက်မည်းနက်သည့်အရောင်ကို ရွေးချယ်စေလိုပါတယ်။


The post

သင့်အသွင်အပြင်ကို အများသူငါထက် ပိုမိုဆွဲဆောင်မှုရှိစေဖို့ သိထားရမယ့် အချက်လေးတွေ appeared first on

MyStyle Myanmar .




Some text some message..