တစ်ချိန်က မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ နှင်းဝတ်ရည်သောင်းကိုတော့ ပရိသတ်တွေက ယနေ့အချိန်အထိ ချစ်ခင်အားပေးနေကြဦးမယ် ထင်ပါတယ်။ နှင်းဝတ်ရည်သောင်းက ရုပ်ရှင်ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ပြီး ပြေပြစ်လှပလွန်းတဲ့ သူမရဲ့ပင်ကိုယ်အလှကြောင့်လည်း အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နှင်းဝတ်ရည်သောင်းတစ်ယောက် အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာက အချိန်အတော်အတန်ကြာအောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။
မအေးသောင်းတို့ညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းက ပြည်ပမှာပဲ အခြေချနေထိုင်ပြီး အလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပေမယ့်လည်း ပရိသတ်တွေက နှင်းဝတ်ရည်သောင်းကို ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ် ။ အခုတော့ နှင်းဝတ်ရည်သောင်းက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေထားတာ ဖြစ်ပါတယ် ။
နှင်းဝတ်ရည်သောင်းက အလုပ်လုပ်နေရင်း ပိတ်ရက်ရောက်တော့မှာမို့ ပျော်ပျော်ရွှင်ရွှင်ကရင်း Tik Tok ကစားပြလိုက်တာပဲ ဖြစ်ပါတယ် ။ သီချင်းလေးအတိုင်းစီးမြောရင်း မြူးမြူးကြွကြွကနေတဲ့ နှင်းဝတ်ရည်သောင်းကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နှင်းဝတ်ရည်သောင်းရဲ့အမိုက်စား Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။