သီချင်းတင်ပြီး (၂၄)နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ (၁၀) သိန်းကျော်ခဲ့တဲ့ မေလသံစဉ်ရဲ့ သီချင်း
celegabar.com
|
2020-07-05



ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပြီး ဆိုကရေးတီးမှာလည်း ဆုတံဆိပ်တွေ အများကြီးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မေလသံစဉ်ရဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သီချင်းတွေ ကိုတင်ဆက်ပေးနေပြီး ပရိသတ်တွေကလည်း တခဲနက် ဝန်းရံအားပေးခဲ့ကြပါတယ် ။





သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်ဆိုတဲ့ တေးသီချင်းတွေထဲက(၈) ပုဒ်မြောက်သီချင်းလေးအဖြစ် “တစ်လိမ်နှစ်လိမ်”သီချင်းလေးကို တေးသံရှင်ဖြိုးပြည့်စုံ နဲ့ အတူသီဆိုထားတာဖြစ်ပါတယ် ။ ဒီသီချင်းလေးကို သူမရဲ့ Official Page ကနေ Live လွှင့်ပြီး နှစ်ကိုယ်ခွဲအဖြစ် ပရိသတ်တွေကို တင်ဆက်ထားတာဖြစ်ပါတယ် ။ Music Video လေးကိုတော့ ဖြိုးပြည့်စုံနဲ့အတူ သရုပ်ဆောင်ထားပြီး သီချင်းတင်တာ (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုအားပေးသူ (၁၀) သိန်းကျော် ခဲ့ပြီး ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြပါတယ် ။





Live ကနေတဆင့် သူမနဲ့အတူ ကူညီသီဆိုပေးခဲ့တဲ့ ဖြိုးပြည့်စုံကို ကျေးဇူးတင်စကားဆိုထားပြီး သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်ဆိုတဲ့ အယ်လ်ဘမ်လေးကို လှိုင်းတေးသံသွင်းကနေတဆင့် ဖြန့်ချီနေပြီဖြစ်ပြီး တစ်ရက် နှစ်ရက်လောက်နေရင်တော့ ရန်ကုန်မှာဆိုရင် City Mart တွေနဲ့ တခြားမြို့တွေမှာဆိုရင် တော့ အခွေဆိုင်တွေမှာ မကြာခင်ဝယ်ယူရရှိနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ် ။


Source : May La Than Sin
Emily (Cele Gabar)




Some text some message..