သီချင်းတီးလုံးသံကြားတာနဲ့ အမိုက်စားကကွက်တွေနဲ့အပီအပြင်ဒွန့်နေကြတဲ့ ဝါဆိုမိုးဦးနဲ့ M ဆိုင်းလုတို့ရဲ့ Live Video လေး
mmload.com
|
2020-07-13



အချိုးအစားသွယ်လျတဲ့ ကိုယ်လုံးလေးကြောင့် ပရိသတွေသာမကဘဲ မိန်းကလေးများပါ ကြွေနေရသူလေးကတော့ မော်ဒယ် M ဆိုင်းလုပဲ ဖြစ်ပါတယ်။ ဆိုင်းလုဟာ မြန်မာနိုင်ငံက ပွဲတွေသာမကဘဲ ပြည်ပနိုင်ငံမှာ ကျင်းပတဲ့ ပွဲအခမ်းအနားတွေကိုပါ တက်ရောက်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆိုင်းလုရဲ့ ဒီဇိုင်းအနေအထားဟာလည်း တစ်မျိုးလေး ဆန်းသစ်ကာ လူတိုင်းကို လည်ပြန်ငေးမောရလောက်အောင် ဆွဲဆောင်နိုင်လွန်းတာကြောင့် အားလုံးကလည်း အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။

ဆိုင်းလုဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ တောက်လျှောက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ စကားသံဝဲဝဲလေးကလည်း ဆွဲဆောင်မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဆိုင်းလုဟာ မနေ့ညက အနုပညာညီအစ်မတွေဖြစ်တဲ့ အေးဝတ်ရည်သောင်း ၊ မေမြင့်မိုရ် ၊ ဝါဆိုမိုးဦး ၊ ယွန်းမီမီကျော် ၊ သန္တာဗိုလ်တို့နဲ့အတူ Staycations နေထိုင်ကာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ အတူတူ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း ဝါဆိုမိုးဦရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သီချင်းတီးလုံးသံကြားတာနဲ့ အမိုက်စား ကကွက်တွေနဲ့ အပီအပြင်ဒွန့်နေကြတဲ့ ဝါဆိုမိုးဦးနဲ့ M ဆိုင်းလုတို့ရဲ့ Live Video လေးပဲ ဖြစ်ပါတယ်။ တစ်ယောက်တစ်မျိုးစကားတွေပြောကြ ၊ ကခုန်နေကြတာလည်း ပျော်ရွှင်စရာကောင်းပြီး tik tok လေးတွေလည်း ဆော့ကစားထားကြပါသေးတယ်နော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။




Some text some message..