“အငွေ့အသက်များ”သီချင်းလေး Joox ရဲ့ နံပါတ်(၁)နေရာကို ရောက်ရှိတဲ့အတွက် ဝမ်းသာ ဂုဏ်ယူနေခဲ့တဲ့ Ah Boy
celegabar.com
|
2020-07-13

Collage_Fotor (17)

ပရိသတ်ကြီးရေ ဒီတစ်ပတ်ရဲ့ Joox မှာ ပရိသတ် နားဆင်မှုအများဆုံးနဲ့ နံပါတ် (၁)နေရာကိုတော့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” သီချင်းလေးက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ Ah Boy ကတော့ အခုလို သီချင်းလေး နံပါတ် (၁)နေရာကို ရရှိခဲ့တဲ့ အတွက် ဝေမ်းသာဂုဏ်ယူမိကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲဖော်ပြလာခဲ့ပါတယ်။




“ဒီနေ့ကတော့ ကျွန်တော့်ဘဝအတွက် အပျော်ရွှင်ရဆုံးနှင့် အမှတ်ရဆုံးနေ့သစ်တစ်ခုအဖြစ် ထပ်တိုးလာသောနေ့ရက်ပဲဖြစ်ပါတယ်။ မရှက်တမ်း ဝန်ခံရရင် ကျွန်တော် သီချင်းတွေကို (၂၀၀၅) လောက်ကတည်းက စလုပ်လာတာ အခုလို Top (1) မပြောနဲ့ Top (10) ထဲဝင်ဖို့ စိတ်ကူးတောင်မယဉ်ခဲ့ဖူးသလို ဂီတနဲ့ပက်သက်ပြီး ဘာဆုမှလည်း ဘဝမှာ မရခဲ့ဖူးပါဘူး။ အခုတစ်ပတ်မှာ Top (1) ရတယ်ဆိုတာ ဆုမဟုတ်ပေမယ့် ကျွန်တော်အတွက်တော့ တကယ်ကျေနပ်ပီတိဖြစ်ရသော ပရိသတ်တွေဆီက အသိအမှတ်ပြုဆုလာဘ်ပါ။




ကျွန်တော် သီချင်းတွေ မဆို/မရေး/မဖန်တီးဖြစ်တာ ၅ နှစ်လောက်တောင်ရှိပါတော့မယ်။ အမြဲပြန်ဆိုချင်တဲ့စိတ်သာရှိပြီး လက်တွေ့ ဘာတစ်ခုမှ ပြီးမြောက်အောင် အကောင်ထည် မဖော်နိုင်ခဲ့သလို ကိုယ့်ဘာကိုယ် ယုံကြည်မှုတွေလည်းပျောက်နေတာကြာပါပြီ။ အခုလို ပရိသတ်တွေ နားထောင်ပြီး အသိမှတ်ပြု အားပေးချင်းဆိုတာ ကျွန်တော့် ဘဝတစ်လျှောက်မှာ တကယ်အလိုချင်ခဲ့ဆုံးအရာတွေထဲက တစ်ခုပါဗျာ။” လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပြီး ဒီသီချင်းလေးကို အတူတူတွဲလုပ်ဖို့ ကမ်းလှမ်းချက်ကို ယုံယုံကြည်ကြည်နဲ့ လက်ခံပေးခဲ့တဲ့ ချမ်းမြေ့မောင်ချိုကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။




သီချင်းလေးကို ဖန်တီးတဲ့ နေရာမှာလည်း အဖက်ဖက်ကနေ ကူညီပေးတဲ့ တာဝန်ရှိသူတွေနဲ့ သီချင်းလေးကိုနားဆင်ပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ Ah Boy ကတော့ ဒီထက်ပိုပြီး အများကြီးကြိုးစားသွားမှာမို့ ပရိသတ်တွေကလည်း ပိုအားပေးကြပါဦးနော်။



Chilli – CeleGabar
Source – Kyaw Phyo Tun




Some text some message..