ပရိသတ်တွေကို ဟာသတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးရင်း အနုပညာနဲ့အလုပ်အကျွေးပြုခဲ့တဲ့ ဟာသ သရုပ်ဆောင်လူရွှင်တော် ဦးမန်းဝင်းကတော့ ဇူလိုင်လ (၁၃) ရက်နေ့ မနက် ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ပရိသတ်တွေလည်း ဝမ်းနည်းကြေကွဲခဲ့ရပါတယ် ။
မကွယ်လွန်မီက ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပြီး ကုန်ကျငွေ မတတ်နိုင်တဲ့အတွက် မိသားစုတွေအတွက် အတော်လေးကို အခက်အခဲ ဖြစ်ခဲ့ရတာပါ ။ ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သားသမီးတွေအားလုံးက အခက်ခဲတွေကြားက ရှာကြံပြီး အသက်ဆက်ခဲ့ကြပေမယ့် နောက်ဆုံးတော့ ချစ်ရတဲ့ မိသားစုနဲ့ သားသမီးတွေကို စွန့်ခွာသွားခဲ့ပါပြီ ။ ဘဘဦးမန်းဝင်း ကွယ်လွန်သွားတဲ့အချိန်မှာတော့ ဦးမန်းဝင်း ပင်လုံဆေးရုံမှာ ဆေးရုံတက်ခဲ့စဉ် က ကျသင့်ငွေ 1930000 ( တစ်ဆယ့်ကိုးသိန်းသုံးသောင်း ) ကျော်အား ပင်လုံဆေးရုံမှ Foc ပေးလိုက်တယ်လို့သိရပါတယ် ။
ခုလို ဆေးကုသစရိတ်တွေအတွက် မိသားစုခက်ခဲနေချိန်မှာ ပင်လုံဆေးရုံရဲ့ ကူညီပေးမှုကြောင့် ဦးမန်းဝင်းရဲ့ မိသားစုဝင်တွေလည်း အဆင်ပြေပြေ ဖြစ်သွားပြီဆိုတော့ ပရိသတ်တွေကလည်း ကျေးဇူးတင်မဆုံးဖြစ်နေကြတာပါ ။ ဘဘဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။
Source : Mann Win – Joker
Emily (Cele Gabar)
မကြာသေးမီကမှ ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်လ်ဘမ်လေးကို ပရိသတ်တွေဆီအ ရောက်ပို့ပေးခဲ့တဲ့ တေးသံရှင် မေလသံစဉ်ကတော့ ဒီတစ်ခါမှာ ဆရာဆရာမတွေအတွက် ဂုဏ်ပြုတေးသီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ် ။
အခုလို ကပ်ဘေးကာလအတွင်း ခက်ခဲနေချိန်မှာ မကြာခင် ဖွင့်လှစ်သင်ကြားကြရတော့မယ့်အခြေခံပညာ ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုတေးသီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုပေးဖို့ Waso Learn Mobile Application (Strategy First Education Group) မှသူမကို ဆက်သွယ်အပ်နှံခဲ့တာဖြစ်တယ်လို့သိရပါတယ် ။ အခုသီချင်းလေးရေးပြီးလို့ အသံသွင်းနေ ပြီဖြစ်ပြီး ဆရာ၊ဆရာမတွေရဲ့ ကြိုးစားမှုမေတ္တာကို ဖော်ကျူးထားတဲ့ Music Video လေးကိုတစ်ပါတည်းစီစဉ်ဖို့ ပြင်ဆင်နေတယ်လို့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။
Music Video လေးကိုတစ်ပါတည်းစီစဉ်ဖို့ဆရာ၊ဆရာမများရဲ့ အမှတ်တရဓာတ်ပုံ၊Videoများကို ဝါဆို Learn ViberPhone 09266 805 001ကိုပေးပို့ဖို့ အတွက်လည်းတောင်းဆိုထားပါသေးတယ် ။ မေလကို ချစ်ကြတဲ့ ပရိသတ်ကြီးတွေထဲမှာ ဆရာ ဆရာမတွေပါတယ်ဆိုရင်တော့ အမြန်ဆုံးပေးပို့ပေးလိုက်တော့နော် ။
Source : May La Than Zin
Emily (Cele Gabar)