
Collage_Fotor (22)
ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဂျွန်လွင်ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်လာမယ့် အနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။
ဒီနေ့မှာ ကျရောက်တဲ့ ဂျွန်လွင်ရဲ့ မွေးနေ့ရက်လေးမှာတော့ အနုပညာရှင်တွေ ဂျွန်လွင်ရဲ့ သားသမီးတပည့်တွေက မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ အခုလို မွေးနေ့ဆုတောင်းပေးကြတဲ့ အထဲမှာမှ ပရိသတ်တွေရဲ့အချစ်တော် ညီညီမောင် (စမ်းချောင်း) ကလည်းအပါအဝင်ပဲဖြစ်ပါတယ်။ သုသုကတော့ ဂျွန်လွင်ရဲ့ မွေးနေ့လေးအတွက်ကို “ပျော်ရွှင်ရသော မွေးနေ့ပါ။
မွေးနေ့မှစ ကျန်မာပျော်ရွှင်အောင်မြင်ပါစေဗျ။ Happy Birthday ဆရာ John Lwin ” ဆိုပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ပရိသတ်တွေရဲ့အချစ်တော်တေါကို မွေးထုတ်ပေးတဲ့ ဆရာဂျွန်လွင်ရဲ့ မွေးနေ့လေးအတွက်မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Chilli – Celegabar
Source – Nyi Nyi Maung