တောင်ကိုရီးယား မင်းသမီးချော Kim Tae Ri ရဲ့ ဖက်ရှင်များ
mystylemyanmar.com
|
2020-07-15

မင်းသမီး Kim Tae Ri ရဲ့ ပရိသတ်တွေရှိကြလားရှင့်။ The Handmaiden ဇာတ်ကားနဲ့ ပရိသတ်တွေ လူသိများခဲ့ပြီး အဲဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံး တက်သစ်စ သရုပ်ဆောင်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။




၂၀၁၆ ခုနှစ်က ဇာတ်ကားမတိုင်ခင်မှာတော့ Moon Young ဆိုတဲ့ ဇာတ်လမ်းတိုမှာ သရုပ်ဆောင်ခဲ့ဖူးပြီး ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့တော့ The Handmaiden ကားက သူမရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်ပါတယ်။




အဲဒီဇာတ်ကားမှာပဲ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့ပြီး အဲဒီဇာတ်ကားရိုက်ကူးဖို့အတွက် ပြိုင်ပွဲဝင် ၁၅၀၀ ထဲက ရွေးချယ်ခံခဲ့ရသူပါ။

သူမကို ၁၉၉၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၁.၆၆ မီတာ (၅ပေ ၅ လက်မကျော်) ရှိပြီး အပြစ်ကင်းတဲ့ အပြုံးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူပါ။




သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေလက်ခံတဲ့အပြင် ပွဲဦးထွက်ဇာတ်ကားနဲ့ အောင်မြင်ပြီးတဲ့နောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ 1987: When the Day Comes ဆိုတဲ့ သမိုင်းနောက်ခံ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ၂၀၁၈ မှာတော့ Little Forest ကားမှာ ပါဝင်ထားပါတယ်။




ရိုးရိုးရှင်းရှင်းဖက်ရှင်နဲ့လည်း အမြဲတမ်းကြည့်လို့ကောင်းနေတဲ့ တောင်ကိုးရီးယား မင်းသမီးချော Kim Tae Ri ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။


















The post

တောင်ကိုရီးယား မင်းသမီးချော Kim Tae Ri ရဲ့ ဖက်ရှင်များ appeared first on

MyStyle Myanmar .




Some text some message..