
နာမည်ကြီးထိုင်းသရဲကား ဖြစ်တဲ့ Pee Mak ရုပ်ရှင်ဇာတ်ကားထဲကအဓိကဇာတ်ဆောင်မင်းသမီး Mai Davikah ဟာဆိုရင် မြန်မာပရိတ်သတ်တွေမသိသူမရှိသလောက်ပါပဲ။
ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်တုန်းကလဲ Davikah တစ်ယောက်မြန်မာနိုင်ငံကို Brand ကြက်ပေါင်းရည်ရဲ့ Brand Ambassadorအနေနဲ့ လာရောက်ခဲ့ပါသေးတယ်။
အမြဲ တမ်း cool ဖြစ်ပြီး မိန်းမသိပ်မဆန်တဲ့သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်သူငယ်ချင်းဖြစ်သူ Pimchanok နဲ့ မိန်းကလေးချင်းတွဲနေကြတယ်လို့ ထင်ခဲ့ကြပါတယ်။
အမှန်တကယ်တော့သူမဟာအများထင်သလို lesbian တစ်ယောက်လဲမဟုတ်ခဲ့ပါဘူး။ ATM Error ဇာတ်ကားထဲက ခေါင်းဆောင်မင်းသား Ter Chantavit နဲ့တွဲနေတာပဲဖြစ်ပါတယ်။
သူမဟာသရုပ်ဆောင်အလုပ်မှာလဲအောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး ဖက်ရှင်မော်ဒယ်လောကမှာလဲမော်ဒယ်တစ်ယောက်အနေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။
အရပ်အမောင်းဒေါင်ကောင်းကောင်းနဲ့အထာကျကျ ပိန်ပိန်ပါးပါး လှပတဲ့ Davikah ကို သူမ ပွဲတက်တဲ့ conference တစ်ခုမှာ သတင်းထောက်တစ်ယောက်က “ရင်းသားသေးတဲ့အပေါ် ခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့ စိတ်ကူးရှိသလား” လို့မေးခဲ့ပါတယ်။
ထိုသို့မေးခြင်းအပေါ်သူမက ဟာသရောနှောပြီး “ဘာလဲ ဒီတိုင်းရပ်နေတာက နောက်ကျောပေးပြီးရပ်နေတာနဲ့တူတယ်မလား” ဆိုပြီးအရွှန်းဖောက်စနောက်ခဲ့ပါတယ်။
အမှန်က သူမဝိတ်ကျသွားတဲ့အတွက်ရင်သားကအရင်ကထက်ပိုသေးသွားတယ်လို့လဲ ပြောပါတယ်။ သူမက သတင်းထောက်ကိုသွားပြီး “လာထိကြည့် မသေးဘူးနော်” လို့ပြောတဲ့အခါမှာသတင်းထောက်က လန့်ပြီးနောက်ဆုတ်သွားတဲ့အထိအောင် စနောက်တတ်တဲ့ သူမပါပဲ။
သူမ ဆိုဒ်အရမ်းသေးတယ်၊ ရင်သားကြီးအောင်ခွဲစိတ်သင့်တယ် လို့ ပရိတ်သတ်တွေကပြောကြတဲ့အပေါ်ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါမှာတော့ “အမှန်ကတော့ ကိုယ့်ပုံစံနဲ့ကိုကျေနပ်နေလို့ပါ ယုံကြည်ချက်ရှိနေလို့ပေါ့၊ ဒီလိုလူတွေလဲရှိဦးမှာပါ စိတ်မပူပါနဲ့ ယုံကြည်ချက်အပြည့်ရှိကြပါ” လို့သူမကအရယ်တစ်ဝက်နဲ့ပြောဆိုခဲ့ပါတယ်။ Mai ဟာ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့မာနလဲမကြီး ဒီလိုပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တာအရမ်းပဲချစ်ဖို့ကောင်းပါတယ်။ ပရိတ်သတ်ကြီးလဲ Mai Davikah ကိုချစ်တယ်ဆိုရင် like and share လုပ်ဖို့မမေ့ကြပါနဲ့ဦး။