အိမ်နေရင်းဝတ်စုံကနေ အထာကျလွန်းနေတဲ့အမိုက်စားဖက်ရှင်လေးကိုချက်ချင်းပြောင်းလဲဝတ်ဆင်ပြလိုက်တဲ့ ဧငြိမ်းဖြူရဲ့ Tik Tok Video လေး
mmload.com
|
2020-08-07



ကိုရီးယားမလေးအလား ထင်မှတ်မှား ရလောက်အောင် ဖြူဖွေးဝင်းဥတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေ ကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူပဲ ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေကြားမှာ နာမည်ကြီးလာသူ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အသံလေးကြောင့်လည်း ပရိသတ်တွေက ချစ်မ၀ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

ဧငြိမ်းဖြူဟာ ချစ်သူ ရဲရင့်အောင်နဲ့ အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတူ လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်းမှုရှိရှိ ချစ်ခင်ဂရုစိုက်မှုတွေကြောင့်လည်း ပရိသတ်တွေက အားကျနေတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ရှိမယ့် ချစ်သူ ရဲရင့်အောင်ရဲ့ တေးသီချင်း Album အတွက်လည်း ဧငြိမ်းတစ်ယောက်အနားကနေ Supporting ပေးနေတာဟာလည်း မြင်ရသူတိုင်းကို ကြည်နူးစေမှာပါနော်။

လတ်တလောမှာတော့ ဧငြိမ်းတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေပြီး အားလပ်ချိန်လေးတွေမှာလည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ ပြန်လည် ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်နေရင်းဝတ်စုံကနေ အထာကျလွန်းနေတဲ့အမိုက်စားဖက်ရှင်လေးကိုချက်ချင်းပြောင်းလဲဝတ်ဆင်ပြလိုက်တဲ့ ဧငြိမ်းဖြူရဲ့ Tik Tok Video လေးပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။




Some text some message..