သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေ အမြောက်အမြားရိုက်ကူးရပြီး အနုပညာလောကမှာ နာမည်ရနေသူလေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်က ကျရာဇာတ်ရုပ်မရွေး ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေအနေနဲ့ သူမကိုဝန်းရံအားပေးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေးဆက်သွင်က ဟန်ဆောင်မှုကင်းပြီး အားလုံးအပေါ်မှာ ဖော်ရွေစွာဆက်ဆံတတ်တာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်က လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ နေထိုင်တတ်ပြီး အမြဲလိုလို သူငယ်ချင်းတွေနဲ့ စနောက်ရယ်မောနေတတ်တာ ဖြစ်ပါတယ်။ အခုလည်း အခွီတလိုင်းပုံစံနဲ့ သီချင်းတွေအော်ဆိုကာ ပျော်ပျော်ပါးပါးကပြနေတဲ့ ခေးဆက်သွင်ရဲ့ဗီဒီယိုလေးကို သူငယ်ချင်းဖြစ်သူ စိုပြေမြင့်က တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ခေးက တစ်ယောက်တည်းသီချင်းဆိုပြီး ဟန်နဲ့ပန်နဲ့ ကနေတာပဲ ဖြစ်ပါတယ်။
ရုပ်တည်ကြီးနဲ့ အခွီပုံစံတွေ အပီအပြင်လုပ်ပြနေတဲ့ ခေးဆက်သွင်ကြောင့် ဘေးကသူငယ်ချင်းတွေပါ အူတက်အောင်ရယ်မောနေရတာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်နဲ့ စိုပြေမြင့်တို့ကတော့ အတူတူဆုံကြပြီဆိုတာနဲ့ အမြဲလိုလိုစနောက်ရယ်မောပြီး ပျော်စရာတွေဖန်တီးလေ့ရှိကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခေးဆက်သွင်နဲ့ မင်းသားချောစိုပြေမြင့်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။