JOOX ရဲ့ 2020 Half Year Popular Song Award ဆုကြီးကို ရရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း
celezone.net
|
2020-08-21



ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ဖြူဖြူကျော်သိန်းကတော့ လတ်တလောမှာ လတ်တလောမှာ Joox Myanmar ကပေးအပ်တဲ့ ဆုတစ်ဆုကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ဆယ်ဆုနှစ် (၂)ခုတိုင်အောင် အောင်မြင်စွာရပ်တည်နေတဲ့ သူစ်ယောက်ပါ။




ဂီတသက်တမ်းတစ်လျှောက် ဆုတွေလည်း ရရှိခဲ့သလို အခုတစ်ခေါက်မှာလည်း JOOX ရဲ့ 2020 Half Year ဆုပေးပွဲမှာ Popular Song Award ဆုကိုရရှိခဲ့ပါတယ်။ ဖြူဖြူကတော့ “ဖြူ့ပရိသတ်တွေဆွတ်ခူးပေးတဲ့ JOOX ရဲ့ 2020 Half Year Popular Song Award. Vote အရေအတွက် ၄.၅ သန်းနဲ့ “ထွက်သွားပါတော့” သီချင်းလေးက Position 2 ကိုဝင်ရောက်ခဲ့တာပါ။ အကြိတ်အနယ် voting ပေးခဲ့တဲ့ online ကချစ်ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။




ဖြူဖြူ့ရဲ့ virtual music career စတင်တဲ့လပိုင်းအတွင်းမှာတင်ဒီဆုကိုရအောင်ဆွတ်ခူးပေးဖို့တက်ကြွလှုပ်ရှားပေးခဲ့တဲ့ Diva’s Warriors Voters group ကို salute ပါ”လို့ အခုလို ဆုရရှိအောင် အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ဖြူဖြူအတွက် ဂုဏ်ယူလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။



Chilli – CeleZone
Source – Phyu Phyu Kyaw Thein




Some text some message..