
Khay Sett Thwin 123 (1)
ခေးဆက်သွင်ကတော့ ပရိသတ်တွေချစ်တဲ့မင်းသမီးချောလေးတွေထဲကတစ်ယောက်ဖြစ်သလို သွက်လက်ပွင့်လင်းတဲ့ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေအချစ်ပိုရသူပါ။ မကြာခဏဆိုသလို သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုမျှဝေလေ့ရှိတဲ့ခေးဆက်သွင်ကတော့ ဒီနေ့မှာအနုပညာဖန်တီးမှုအသစ်တစ်ခုလုပ်လာခဲ့ပါတယ်။
ခေးဆက်သွင်ကတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Coffee Date with Mg lay
fbမှာဖြစ်ဖြစ်ဖြစ် phoneထဲမှာဖြစ်ဖြစ် စကားပြောတဲ့ သက်တမ်းရှည်ကြာပြီး တစ်ယောက်ကို တစ်ယောက် မျှော်လင့်ချက် အရိပ်အရောင်သန်းနေတဲ့ မမနဲ့မောင်လေးတွေအတွက် အသင့်တော်ဆုံးက Coffee date ပါ… Single မမ မှန်လျှင် Share ရဲမည်(အနုပညာ အမြင်ဖြင့်သာ)” ဆိုပြီးတော့ ပုံလေးတွေနဲ့အတူ ပုံဖော်လာခဲ့တာပါ။
ခေးဆက်သွင်ကတော့ စတိုင်ကျတဲ့မမတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီးတော့ မောင်လေးနဲ့ကော်ဖီဒိတ်ခဲ့တဲ့ ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါ။ ပရိသတ်တွေကတော့ ဒီဇာတ်လမ်းလေးကို သဘောကျနေကြတာပဲဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ အနုပညာအမြင်နဲ့ကြည်ဖို့ပြောထားပါသေးတယ်နော်…
Source : KhaySettThwin