အရောင်တွေကပြောတဲ့ အဓိပ္ပါယ် အပိုင်း(၁)
weddingguide.com.mm
|
2020-09-03

ခုနောက်ပိုင်းမှာတော့ Wedding Dress ကို အရောင်မျိုးစုံနဲ့ လှသထက်လှအောင် ဝတ်ဆင်လာကြပါတယ်။

ဒါကြောင့် Wedding Guide ရဲ့ သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံလေးတွေ ရွေးချယ်တဲ့ အခါ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်လေးတွေက ဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိနိုင်အောင် အဖြူရောင်၊ အနီရောင် နဲ့ အဝါရောင်လေးတွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးမှာဖြစ်ပါတယ်။



White

အဖြူရောင်ဝတ်စုံဟာ မင်္ဂလာဝတ်စုံအတွက် အသုံးများဆုံးအရောင်ပါ။ အဖြူလေးရဲ့ အဓိပ္ပါယ်လေးကတော့ ခမ်းနားကြီးကျယ်ခြင်း ၊ ဂုဏ်ကျက်သရေရှိခြင်း ၊ ပြီးပြည့်စုံခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်ခြင်းတို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။



Red



အနီရောင် မင်္ဂလာဆောင်ဝတ်စုံလေးဟာဆိုရင် ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားမှုကို ကိုယ်စားပြုသည်။ အနီရောင် မင်္ဂလာဝတ်စုံလေး ဆင်မြန်းထားတဲ့ သတို့သမီးလေးတွေကို မြင်လိုက်တဲ့အချိန်မှာ သတို့သမီးလေးတွေနဲ့ ထပ်တူ ကိုယ်တိုင်ပါ စိတ်လှုပ်ရှားမှုနဲ့ တက်ကြွနေမှုတွေကို ခံစားရမှာဖြစ်ပါတယ်။



Yellow



အဝါရောင်ရဲ့ အဓိပ္ပါယ်ကတော့ စိတ်ကြည်နူးဖွယ် ၊ ကြိုဆိုခြင်း ၊ တောက်ပခြင်းတို့ဖြစ်ပါတယ်။ အဝါရောင် သတို့သမီးဝတ်စုံဟာဆိုရင် နူးညံ့မှုတွေ ပြည့်နက်နေတဲ့ ဝတ်စုံလေးလို့ တင်စားရမှာဖြစ်ပြီး အဝါရောင်သတို့သမီးလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကမ္ဘာပေါ်မှာသူ့လောက်ပျော်ရွှင်နေတဲ့ နောက်ထပ်မရှိနိုင်တော့ဘူးလို့ ပြောရလောက်တဲ့အထိ ပျော်ရွှင်မှုတွေနဲ့ တောက်ပနေတဲ့ သတို့သမီးလေးအဖြစ် ထင်ဟပ်နေမှာဖြစ်ပါတယ်။

ဒါတွေကတော့ Wedding Dress အရောင်လေးများရဲ့အဓိပ္ပါယ်များပဲဖြစ်ပါတယ်။ နောက်ရက်တွေမှာလဲ အခုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ထပ်မံမျှဝေပေးသွားမှာဖြစ်လို့ The Myanmar Wedding Guide Website နဲ့ Facebook Page လေးကို like & Follow လုပ်ထားပေးကြပါအုံးနော်။

By Sandy (The Myanmar Wedding Guide)




Some text some message..