ကျန်းမာရေးအခြေအနေကြောင့် စကားပီပီသသ သိပ်မပြောနိုင်တော့တဲ့ဦးဗေဟာ ကုသမှုတွေ ခံယူပြီးနောက်မှာတော့ တော်တော်လေး ကိုတိုးတက်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တဲ့ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့အောင်မြင်မှုဟာလည်း ဒီနေ့အချိန်ထိ တည်မြဲနေဆဲပါပဲ။
ဒီနေ့မှာတော့ လူရွှင်တောင်ဒိန်းဒေါင်တစ်ယောက် ကျေးဇူးရှင်ဦးဗေဆီကိုအရောက်သွားပြီး လိုအပ်တာလေးတွေနဲ့ အလှူငွေလေးတွေ သွားရောက်လှူတန်းပေးခဲ့ပါတယ်။ ကိုယ့်အနုပညာ အသိုင်းအဝိုင်းက လူတွေလာပြီး ဖေးမကြတာမို့ ဦးဗေလည်း စိတ်ခွန်အားဖြစ်မိမှာပါ။
ဦးဗေကိုသွားကန်တော့တဲ့ဗီဒီယိုလေးကို ” ကျွန်တော့်ရဲ့ကျေးဇူးရှင်အကယ်ဒမီဦးဗေလုဝကို သွားရောက်ကန်တော့ (အမြန်ဆုံးကျန်းမာပါ စေ) ” ဆိုပြီး ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဝေဒနာတွေအမြန်ဆုံးသက်သာပြီး အရင်လိုပဲ အနုပညာလမ်းကြောင်း ပေါ်မှာ ပရိသတ်အတွက် ပျော်ရွှင်စရာဖန်တီးပေးနိုင်ဖို့ ပြန်မျှော်နေပါတယ် ဦးဗေရေ။
Happy – Cele Zone
Photo – Dain Daung
(ဇော်ဂျီဖြင့်ဖတ်ရန်)
ကျန်းမာရေးမကောင်းတဲ့ ကျေးဇူးရှင်ဦးဗေလုဝကို အိမ်တိုင်ရာရောက်သွားလှူတန်းခဲ့တဲ့ ဒိန်းဒေါင်ရဲ့ဗီဒီယို
ကျန်းမာရေးအခြေအနေကြောင့် စကားပီပီသသ သိပ်မပြောနိုင်တော့တဲ့ဦးဗေဟာ ကုသမှုတွေ ခံယူပြီးနောက်မှာတော့ တော်တော်လေးကိုတိုးတက်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တဲ့ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့အောင်မြင်မှုဟာလည်း ဒီနေ့အချိန်ထိ တည်မြဲနေဆဲပါပဲ။
ဒီနေ့မှာတော့ လူရွှင်တောင်ဒိန်းဒေါင်တစ်ယောက် ကျေးဇူးရှင်ဦးဗေဆီကိုအရောက်သွားပြီး လိုအပ်တာလေးတွေနဲ့ အလှူငွေလေးတွေ သွားရောက်လှူတန်းပေးခဲ့ပါတယ်။ ကိုယ့်အနုပညာ အသိုင်းအဝိုင်းက လူတွေလာပြီး ဖေးမကြ တာမို့ ဦးဗေလည်း စိတ်ခွန်အားဖြစ်မိမှာပါ။
ဦးဗေကိုသွားကန်တော့တဲ့ဗီဒီယိုလေးကို ” ကျွန်တော့်ရဲ့ကျေးဇူးရှင်အကယ်ဒမီဦးဗေလုဝကို သွားရောက်ကန်တော့ (အမြန်ဆုံး ကျန်းမာပါစေ) ” ဆိုပြီး ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဝေဒနာတွေအမြန်ဆုံးသက်သာပြီး အရင်လိုပဲ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အတွက် ပျော်ရွှင်စရာဖန်တီးပေးနိုင်ဖို့ ပြန်မျှော်နေပါတယ် ဦးဗေရေ။
Happy – Cele Zone
Photo – Dain Daung