
amara nyein-tinified
အမရာငြိမ်းကတော့ Miss Myanamr International 2015 ရဲ့ winner ဆုရှင်တစ်ယောက်ပီပီ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ထက်မြက်တဲ့အတွေးအခေါ်နဲ့ မိန်းကလေးတိုင်းစံထားသင့်တဲ့ အလှမယ်တစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို တုံ့ဆိုင်းမနေနဘဲ ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောလေ့ရှိတဲ့ အမရာငြိမ်းကတော့ လူမှုကွန်ရက်မှာဆိုလည်း စိတ်ထဲအမြင်မတွေ့တာတွေကို ရေးသားမျှဝေလေ့ရှိသူပါ။
ဒီတစ်ခေါက်မှာလည်း မိန်းကလေးအများစုစိတ်ဝင်စားလေ့ရှိတဲ့ မေးခွန်းတွေဖြစ်တဲ့ အရပ်ဘယ်လောက်ရှိလဲ ခန္ဓာကိုယ်ဝိတ်ဘယ်လောက်ရှိလဲ စတာတွေကို ကိုယ့်ယောက်ျားကိုတောင် မပြောပြတတ်သူ မဖြေပါဘူးလို့ ပြောထားလည်း ခဏခဏလိုက်မေးနေတတ်တဲ့သူတစ်ယောက်ကိုတော့ စိတ်အချဉ်ပေါက်လာတာကြောင့် Block ခဲ့တဲ့အပြင် “ကျွန်မပေါင်ချိန်ကို ဝလည်းလှတယ်လို့ Motivation ယူချင်လို့သိချင်တာဆိုရင်တောင် မသိချင်ပါနဲ့… ရှင့်မှာ ကျွန်မလို ဝလည်းလှ ပိန်လည်းလှမယ့် ရုပ်ရည်မျိုး..အရပ်အမောင်းမျိုး.. ခန္ဓာကိုယ်အချိုးအစားမျိုး၊ Hourglass Shape မျိုးရှိမနေလို့ပါပဲ.. အဲ့လိုပြောတော့ ကျွန်မရိုင်းတယ်ဖြစ်သွားရော… ဒါပေမယ့် ဒီလို Personal မေးခွန်းမျိုးကို ကိုယ်နဲ့လုံးဝမသိတဲ့သူကိုမေးတာ အင်မတန်ရိုင်းတယ်ဆိုတာတော့ သူသိမှာ မဟုတ်ဘူး
ဘယ်နှပေါင်လဲ.. အလုပ်က ဝင်ငွေ လစာဘယ်လောက်ရလဲ.. ကလေးဘာလို့ မယူသေးတာလဲ.. အိမ်ထောင်မပြုသေးဘူးလား… ယောက်ျားကရော တစ်လဘယ်လောက်ရလဲ.. ရှာနိုင်လဲ စတဲ့ စတဲ့မေးခွန်းတွေဟာ အင်မတန်ရိုင်းကြောင်း သိစေချင်ပါတယ် အမျိုးသမီးတို့ရေ” ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ … ဆယ်လီကမ္ဘာပရိသတ်ကြီးရော ကိုယ်မဖြေချင်တဲ့ မေးခွန်းတွေမေးပြီး နေရခက်အောင် လုပ်တဲ့သူတွေနဲ့ကြုံဖူးလား အတွေ့အကြုံလေးမျှဝေပေးခဲ့ပါဦးနော်။
Source – Aye Nyein Swe
Rainbow- Cele Gabar